29 C
Yangon

မုံရွာမြို့ပေါ်တွင် တပ်စွဲထားသော စစ်တပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၂ ဦးသေဆုံး၊ ရွှေဘို၊ မြောင်းကြီးရွာတွင် မီတာလာကောက်သည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

မုံရွာမြို့ပေါ်တွင် တပ်စွဲထားသော စစ်တပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ၂ ဦးသေဆုံး၊ ရွှေဘို၊ မြောင်းကြီးရွာတွင် မီတာလာကောက်သည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်ဇေယျရပ်ကွက်တွင် တပ်စွဲထားသော စစ်တပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးကြောင်း Salingyi Border Task Force – SBTF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၄ ရက်နေ့ နံနက် ၂ နာရီ ၂၀ မိနစ် ခန့်တွင် မုံရွာမြို့၊ အောင်ဇေယျ ရပ်ကွက် အကျိုးကုန်းပေါ်၌ အထိုင်ချ တပ်စွဲထားများနှင့် ကင်းစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီး ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ အလုံး ၁၀၀ ခန့်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိ သည်။

” မုံရွာမြို့ အကျိုးကုန်းပေါ်က စစ်ခွေး စခန်းကို လက်နက်ကြီး သွားရောက် ပစ်ခတ် တိုက်ခိုက်တာ စစ်ခွေး ၂ ကောင်သေတယ်။ စစ်ခွေးတွေက ၆၀ မမတွေ စက်တွေ မောင်းပြန်တွေနဲ့ ပြန်ပစ်ပေမယ့် ရဲဘော်တွေ ထိခိုက်မှု မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်” ဟု Salingyi Border Task Force – SBTF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Salingyi Border Task Force – SBTF (ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲနှင့်အတူ ယင်းမာပင် – ဆားလင်းကြီး လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစု တပ်ဖွဲ့ဝင် အဖွဲ့များမှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြောင်းကြီးကျေးရွာတွင် မီတာကောက် ရန် လာသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး Buffalo Soldiers Freedom Force အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၈ မိနစ်တွင် ရွှေဘိုမြို့နယ်၊ မြောင်းကြီး ကျေးရွာတွင် အိမ်စီးကား ၃ စီး၊ Canter ၁ စီးဖြင့် မီတာကောက်ရန်သည့် စစ်သား ၂၀ ခန့်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက မိုင်းပွိုင့် ၂ ပွိုင့်၊ ရှေ့ထွက်မိုင်း ၆ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး မိုင်းစာ လာကောက်သည့် စစ်သား ၂ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေက ပြန်ပစ်တယ်။ ကျွန်တော်တို့ စခန်းပြန်ရောက်တာတောင် မြောင်ကြီးရွာမှာ ပစ်နေတုန်းလို့ သိရတယ်။ အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု Buffalo Soldiers Freedom Force အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article