ဖက်စစ်တော်လှန်ရေးနေ့အကြိုအဖြစ် “ဖက်ဆစ်တပ်ကိုဖြိုချ လူ့ဘောင်သစ်ကိုကြိုကြ” စာတန်းချိတ်ဆွဲ
ရန်ကုန်၊ မတ် ၂၆
ရန်ကုန်မြို့ တစ်နေရာတွင် မတ်လ 27ရက်နေ့တွင် ကျရောက်မည့် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် “ဖက်ဆစ်တပ်ကိုဖြိုချ လူ့ဘောင်သစ်ကိုကြိုကြ” စာတန်းချိတ်ဆွဲ၍ ယနေ့ မတ်လ ၂၆ ရက်နေ့တွင် တာမွေသပိတ်ကော်မတီ(TSC)နှင့် တာမွေမြို့နယ်ကျောင်းသားသမဂ္ဂဗကသများအဖွဲ့ချုပ်တို့မှပူးပေါင်း၍ လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။