28 C
Yangon

မြ၀တီ ကုန်သွယ်ရေး ဇုန်တိုက်ပွဲတွင် ရဲနှင့်စစ်သား ၂၀ ထက်မနည်းသေဆုံးပြီး ကျုံဒိုးရဲစခန်း သိမ်းပိုက်ရရှိမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိ

Must read

မြ၀တီ ကုန်သွယ်ရေး ဇုန်တိုက်ပွဲတွင် ရဲနှင့်စစ်သား ၂၀ ထက်မနည်းသေဆုံးပြီး ကျုံဒိုးရဲစခန်း သိမ်းပိုက်ရရှိမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိ

■ ကော့ကရိတ်တွင် ယနေ့ မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းမှစတင်၍ တိုက်ပွဲများ စတင်ဖြစ်နေပြီး စစ်တပ်က ရဟတ်ယာဉ်ဖြင့်ပစ်ခတ်

ရန်ကုန်၊ မတ် ၂၆

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မြ၀တီကုန်သွယ်ရေးဇုန်တိုက်ပွဲတွင် ရဲနှင့်စစ်သား ၂၀ ဦးထက်မနည်းသေဆုံးပြီး ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးရဲစခန်း အပါအဝင် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းဆီးရမိကြောင်း PDF သတင်းရင်းမြစ်များထံမှ သိရှိရသည်။

မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် KNLA နှင့် PDF မဟာမိတ်ပူးပေါင်းတပ်များက မြ၀တီကုန်သွယ်ရေးဇုန်၊ သင်္ကန်းညီနောင်၊ ကော့ကရိတ်-မြ၀တီ လမ်း၊ ကျုံဒိုးမြို့ အပါအဝင် နေရာ ၅ ခုထက်မနည်းကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ၊ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်းသေဆုံးပြီး ကျုံဒိုးရဲစခန်းတိုက်ပွဲတွင် ရဲနှင့်စစ်သား ၂၀ ဦးကို အရှင်ဖမ်းမိကာ လက်နက်များပါ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

“ကုန်သွယ်ရေးဇုန်ထဲမှာတော့ စောင့်နေတဲ့ ရဲ နဲ့ စစ်သား ၂၀ ကျော်မယ်ထင်တယ်။ သေတာက ။ ကျုံဒိုးမှာက ရဲနဲ့စစ်သား ၂၀ လောက် လက်နက်ချတယ်။ တချို့ကလည်း လက်နက်မချဘဲ အဖမ်းခံရတာ။ အခြားနေရာတွေမှာလည်းတိုက်ပွဲဖြစ်တာမှာ မနေ့ တစ်နေ့တည်း စစ်ခွေးတွေဘက်က ၅၀ လောက် သေတယ်” ဟု PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း ကော့ကရိတ်မြို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်များက တိုက်ခိုက်‌ရေး ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်နေကြောင်း သိရှိရသည်။

“မနက်အစောကြီးကတည်းက ပစ်ခတ်နေကြတာ။ ရဟတ်ယာဉ်တွေနဲ့ပါ လာပစ်နေတယ်။ ပြည်သူတွေကတော့ အိမ်ထဲက အိမ်ပြင် မထွက်ရဲကြဘူး” ဟု ကော့ကရိတ်မြို့ခံ ပြည်သူတစ်ဦးက ပြောသည်။

(မြ၀တီ ကုန်သွယ်ရေးဇုန်တွင် သေဆုံးသွားသည့် ရဲနှင့်စစ်သားများ၏ အလောင်းများ အပါအဝင် ဓာတ်ပုံများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ကြည့်ရှုနိုင်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article