26 C
Yangon

ကျေးရွာနှင့်ရပ်ကွက်များတွင် NLD အမတ်လောင်း၊ NLD ခေါင်းဆောင်များနှင့် CDM ဝန်ထမ်း မရှိစေရေး စစ်ကောင်စီက စီမံချက်ချ ပိုက်စိတ်တိုက် စိစစ်အရေးယူ

Must read

ကျေးရွာနှင့်ရပ်ကွက်များတွင် NLD အမတ်လောင်း၊ NLD ခေါင်းဆောင်များနှင့် CDM ဝန်ထမ်း မရှိစေရေး စစ်ကောင်စီက စီမံချက်ချ ပိုက်စိတ်တိုက် စိစစ်အရေးယူ

ရန်ကုန်၊ မတ် ၂၆

အကြမ်းဖက်စစ်ကောင်စီက မြို့နယ်များ၊ ရပ်ကွက်ကျေးရွာများတွင် NLD အမတ်လောင်း၊ NLD ပါတီ၏ မြို့နယ်ခေါင်းဆောင်များ၊ CDM ဝန်ထမ်းများ မရှိစေရေး စစ်ကောင်စီက စီမံချက်ချ အရေးယူ တင်ပြခိုင်းနေကြောင်း သိရှိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ကျေးရွာနှင့် ရပ်ကွက်များတွင် NLD မြို့နယ် ခေါင်းဆောင်များ၊ CDM ဝန်ထမ်းများ မရှိစေရေး မိမိတို့၏ ကျေးရွာ၊ ရပ်ကွက်များကို စိစစ်ရန်၊ တွေ့ရှိပါက ဖမ်းဆီး အရေးယူနိုင်ရေး သက်ဆိုင်ရာ စစ်တပ်နှင့် ရဲများကို အကြောင်းကြားရန်၊ စိစစ်မှုများ ပြီးစီး၍ NLD နှင့် CDM များ မရှိပါက မရှိကြောင်း သက်ဆိုင်ရာသို့ တင်ပြရန် အမိန့် ပေးညွှန်ကြားထားကြောင်း သိရှိရသည်။

“ရပ်ကွက်ရာမှူးအုပ်မှူးတွေအနေနဲ့ ရပ်ကွက်ထဲမှာ NLD မြို့နယ်ခေါင်းဆောင်နဲ့ CDM တွေမရှိစေရေး လစဥ်စစ်ဆေးခိုင်းပြီးတင်ပြခိုင်းတယ်။ ရှိရင် စစ်ခွေး၊ ရဲခွေးတွေကို အကြောင်းကြားခိုင်းတယ်။ သူတို့တွေကို ဆင်းလာပြီးဖမ်းမယ်။ လစဉ် စစ်ဆေးပြီး မရှိရင်လည်း မရှိကြောင်း တင်ပြခိုင်းတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်တပ်နှင့်ရဲများက ယင်းသို့ စစ်ဆေးခိုင်းမှုများကို အခွင့်ကောင်းယူကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စစ်တပ်နှင့်ရဲ များ ပူးပေါင်း၍ ပြည်သူများထံမှ ငွေကြေးညှစ်ယူများလည်းရှိနေကြောင်း သိရှိရသည်။

“ဒီရက်ပိုင်းမှာလည်း မိသားစုထဲက အစားထိုးဖမ်းခံရတာတွေရှိတယ်။ အကိုဖြစ်သူ နိုင်ငံခြားကနေပို့စ်တင်လို့ဆိုပြီး ညီကိုဖမ်းသွားတဲ့ဖြစ်စဥ်တွေရှိတယ်။ အဲဒီပို့စ်ကို ရှယ်တယ်ဆိုပြီးအကြောင်းပြချက်နဲ့ရပ်ကွက်ထဲကလူငယ်တွေကိုဖမ်းတဲ့ဖြစ်စဥ်တွေဆက်တိုက်ဖြစ်နေပါတယ်။ ပြီးတော့မိဘတွေကိုလည်းခြိမ်းခြောက်ခဲ့တယ်။ သားသမီးလုပ်ရင်မိဘနဲ့ဆိုင်တယ်။ နောက်တခါဆိုပိုင်ဆိုင်မှုတွေချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်တယ်။ ပြီးတော့ဖမ်းခံရတဲ့လူတယောက်ကိုသိန်း၅၀စီနဲ့အကုန်ထုတ်ခိုင်းတယ်။ ဂါဝရကြေးတဲ့။ အဲဒီလို အဖမ်းခံရတဲ့ မိသားစု ၃စုလောက်ပုံမှန်ရှိတယ်။ တစ်ခါဖမ်းရင် ၃စု လောက်အမြဲပါတယ်။ သူတို့ကို ထောင်လဲမချဘူး။ သိန်း၅ဝနဲ့ပဲပြန်ထုတ်ခိုင်းတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article