27 C
Yangon

မင်းအောင်လှိုင် အမိန့်ဖြင့် ပြင်ဦးလွင်မြို့လယ်ခေါင် ရပ်ကွက်ကြီး ၃ မှ ဂရန်ရှိ ပြည်သူပိုင်နေအိမ်နှင့် တိုက်တန်းအလုံး ၆၀ ခန့်ကို ဖျက်ခိုင်း၊ ညကြီး မင်းကြီး ပြည်သူများ ကိုယ့် အိမ်ကိုယ် ဖျက်ပေးနေရ

Must read

မင်းအောင်လှိုင် အမိန့်ဖြင့် ပြင်ဦးလွင်မြို့လယ်ခေါင် ရပ်ကွက်ကြီး ၃ မှ ဂရန်ရှိ ပြည်သူပိုင်နေအိမ်နှင့် တိုက်တန်းအလုံး ၆၀ ခန့်ကို ဖျက်ခိုင်း၊ ညကြီး မင်းကြီး ပြည်သူများ ကိုယ့် အိမ်ကိုယ် ဖျက်ပေးနေရ

ရန်ကုန်၊ မတ် ၂၆

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အမိန့်ဖြင့် ပြင်ဦးလွင်မြို့လယ်ခေါင် ရပ်ကွက်ကြီး ၃ မှ ပြည်သူပိုင် တိုက်တန်းများကို ဖျက်ခိုင်းသဖြင့် ညကြီးမင်းကြီး ပြည်သူများ ကိုယ့် အိမ်ကိုယ် ဖျက်ပေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ပြင်ဦးလွင် မြို့လယ်ခေါင် ရပ်ကွက်ကြီး ၃ ရှိ ပြည်သူပိုင်တိုက်တန်းများကို မင်းအောင်လှိုင်၏ အမိန့်ဖြင့် မတ်လ ၂၈ ရက်နေ့ အပြီး ဖျက်ပေးရန် စစ်တပ်က ညွှန်ကြားလာကြောင်း ၊ ယင်းနေ့ အပြီးမဖျက်ပါက အင်အားသုံး ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြီး အိမ်ခန်းပိုင်ရှင်များက အရေးယူမည်ဟု ပြောဆိုလာကြောင်း၊ ထို့ကြောင့် ပြည်သူများကိုယ်တိုင် မိမိတို့၏ နေအိမ် တိုက်တန်းများကို ဖျက်ဆီးနေရကြောင်း သိရှိရသည်။

“မြို့လယ်ခေါင်က တိုက်တန်းတွေကို မတ်လ၂၈ရက်အပြီးဖျက်ခိုင်းထားပါတယ်။ ပင်စည်လဘက်ရည်ဆိုင်တိုက်တန်း၊ ဖိုးလမင်းဆေးဆိုင်တိုက်တန်း၊ ရပ်ကွက်(၃)ရုံးနောက်ကတိုက်တန်းတွေပါဝင်ပါတယ်။ အားလုံးပေါင်းအခန်း ၆၀ ဝန်းကျင်ရှိတယ်။ တချို့ဆို ဂရန် ရှိတဲ့အိမ်တောင်ပါတယ်။ တချို့တွေဆို ဘဝပျက်တယ် စီးပွားရေးအဆင်မပြေကြဘူးလေ။ မင်းအောင်လှိုင် သင်္ကြန်မလာခင်အပြီး ဖျက်ခိုင်းတာ။ ဖျက်ပီးရင်အဲ့နေရာတွေကို မင်းအောင်လှိုင်သမီး ကုမ္ပဏီရှယ်ယာပါတဲ့ဟာတွေကို လုပ်ပိုင်ခွင့်ပေးမယ်လို့သိရတယ်။ မေမြို့မှာ ဖျက်တာ ၇ နေရာရှိပြီ ။ ဖျက်ခံရတဲ့အထဲမှာ မွတ်စလင်တွေ အများဆုံးပါဝင်တယ်ဥပုဒ်လဖြစ်တဲ့အတွက် အသနားခံစာတင်လည်း မရဘူးလို့ သိရတယ်။ အခုတော့ လူစည်းကားနေတဲ့ မေမြို့မြို့လည်ခေါင်က ခိုးဆိုးလုနိုက် ပိုများနိုင်သလို မြို့ပျက်ကြီးလိုဖြစ်နေပါတယ်။ ဖျက်ခံရတဲ့သူတွေကိုဘာမှလျော်ကြေးမပေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ပြင်ဦးလွင်တွင် လုံခြုံရေး အကြောင်းပြ၍ လည်းကောင်း၊ ၎င်း၏ သားသမီးများ စီးပွားရေးလုပ်ရန်အတွက်လည်း ကောင်း ပြည်သူပိုင် နေအိမ်၊ တိုက်တန်းများကို မကြာခဏဆိုသလို ဥပဒေမဲ့ ဖျက်ဆီးလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article