အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ မတ် ၂၈
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ မတ်လ ၂၈ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “သွေးမအေးပဲ တော်လှန်နေခြင်းသည်
ငါတို့လိုချင်နေတဲ့ တန်းတူအခွင့်ရေးကို တိုက်ယူနေခြင်းဖြစ်သည်” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။


