33 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မတ် ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ မတ် ၂၈ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ပဲခူးတိုင်း၊ တောင်ငူမြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နဲ့ ကရင်ပြည်နယ်၊ သံ တောင်ကြီး မြို့နယ် အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကျောက်လုံးကြီးစခန်း ၊ ထုံးဘိုကြီး စခန်း၊ သံမိုးတောင်စခန်း နဲ့ ဗဟုန်းစခန်းတွေကို KNLA နဲ့ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက် ခဲ့ပါတယ်။

– စစ်ကိုင်းတိုင်း၊ ကလေး၀မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ယာဉ်တန်းကို ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်မှုအပြင် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်သား အလောင်း ၁ လောင်းနဲ့ လက်နက် ၁ လက်ကို သိမ်းဆည်းရမိခဲ့ပါတယ်။

– ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျောက်အိုး ကျေးရွာမှာနေတဲ့ PDF ထောက်ပို့ မိသားစုကို ချောင်း မြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ပျူစော ထီး ၂ ဦးကို ရေတာရှည် ပကဖ ကနေ ဖမ်းဆီးရမိခဲ့ပြီး နောက် ပစ်ခတ်ရှင်းလင်းရာမှာ သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေး ပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article