26 C
Yangon

ကလေးမြို့ တာဟန်းပင်မ သပိတ်ခံတပ် ဖြိုခွင်းခံရခြင်း ၂ နှစ်ပြည့်နေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု ဟော‌ပြောပွဲ ပြုလုပ်

Must read

ကလေးမြို့ တာဟန်းပင်မ သပိတ်ခံတပ် ဖြိုခွင်းခံရခြင်း ၂ နှစ်ပြည့်နေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု ဟော‌ပြောပွဲ ပြုလုပ်

ရန်ကုန်၊ မတ် ၂၈

ကလေးမြို့ ပင်မသပိတ် အင်အားစုများနှင့် ကလေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ကလ.တ.က.သ) တို့ ပူးပေါင်းကာ တာဟန်းပင်မ သပိတ်ခံတပ် ဖြိုခွင်းခံရခြင်း ၂ နှစ်ပြည့်နေ့အဖြစ် ယနေ့ မတ်လ ၂၈ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု ဟော‌ပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားပွဲတွင် သွေးသစ္စာသီချင်းအားပြိုင်တူသီဆိုခြင်း၊ ဦးဇော် (Kalay Civil Army – KCA) မှပေးပို့သောရုပ်ဖိုင်အားဖွင့်လှစ်ခြင်း၊ တော်လှန်ရေးရဲဘော်များမှ သပိတ်တရားဟောပြောခြင်း၊ ကလေးမြို့ပင်မသပိတ်စခန်းတွင်ကျဆုံးခဲ့ ပထမဆုံးအမျိုးသမီးအာဇာနည် “မအားခူ”၏ အထ္တပတ္တိအား ဖတ်ကြားခြင်းနှင့် ကမ္ဘာမကြေဘူး သီချင်းအား ပြိုင်တူသီဆိုကာ ကျဆုံးအာဇာနည်များအား အောက်မေ့သတိယခြင်း အစီအစဉ်ကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article