NLD နှင့် SNLD ပါတီ အပါအဝင် ပါတီ ၄၀ ကို ဖျက်သိမ်းဟု အကြမ်းဖက် စစ်ကောင်စီ ကြေညာ
ရန်ကုန်၊ မတ် ၂၈
NLD (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ) နှင့် SNLD (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ) အပါအဝင် ပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း အကြမ်း ဖက် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ မတ်လ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။
နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ပြန်လည်လျှောက်ထားခြင်းမပြုသည့်အတွက် ဖျက်သိမ်းကြောင်း တစ်ဖက်သတ်ကြေညာခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးပါတီအဖြစ် ပြန်လည်လျှောက်ထားသည့် ပါတီ ၅၁ ပါတီရှိကြောင်း၊ NLD ပါတီအနှင့် အတူ တိုင်းရင်းသားပါတီများထဲတွင် အကြီးဆုံးတိုင်းရင်း သားလူနည်းစုပါတီတစ်ခုဖြစ်သည့် SNLD အပါ အဝင် ပါတီ ၄၀ က ပြန်လည် လျှောက်ထားခြင်းမရှိသည့်အတွက် မတ်လ ၂၉ ရက်နေ့မှ စ၍ ဖျက်သိမ်းလိုက်ကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာ MRTV တွင် ကြေညာခဲ့ခြင်းဖြစ်သည်။