21 C
Yangon

ဆားလင်းကြီးနှင့် တကောင်းတွင် စစ်ယာဉ်တန်းနှင့် စစ်ကြောင်းများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးခန့်သေဆုံးနိုင်

Must read

ဆားလင်းကြီးနှင့် တကောင်းတွင် စစ်ယာဉ်တန်းနှင့် စစ်ကြောင်းများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးခန့်သေဆုံးနိုင်

ရန်ကုန်၊ မတ် ၂၉

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုးဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့​ကြောင်း ဓားမဆိုင်းတပ်မတော်မှ ဗိုလ်ထွဋ်ခေါင် က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဆားလင်းကြီးမြို့ထဲမှ ကင်းစောင့်ရန် ထွက်လာသော စစ်သား ၂၀ ဦးပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ယင်းမာ ပင် ခရိုင်အမှတ် တပ်ရင်း (၂၈) ဓားမဆိုင်းတပ်မတော် D.M.S.A မှ ရှေ့ထွက်မိုင်း နှစ်ဆိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက် ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

“မုံရွာမြို့ကနေ ဆားလင်းကြီးမြို့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးအုပ်စု ထဲကနေ ကင်းစောင့်ဖို့ ထွက်လာတဲ့ စစ်ခွေး ၂၀ ကောင်ကို မိုင်းဆွဲ တိုက်ခိုက် တာ စစ်ခွေး ၄ ကောင်‌သေတယ်။ ၁၀ ကောင်‌ကျော် ထိခိုက် ဒဏ်ရာရတယ်။ တော်လှန်ရေး ရဲ‌ဘော်တွေ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ဓားမဆိုင်း တပ်မတော်မှ ဗိုလ်ထွဋ်ခေါင် ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ မြနန္ဒာ ကျေးရွာ အနီး၌ အကြမ်းဖက်စစ်ကား ၇ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၁၀ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – တကောင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၈ မွန်းလွဲ ၁ နာရီခန့်အချိန် သပိတ်ကျင်းမြို့နယ်၊တွင်းငယ် ကျေးရွာရှိ အကြမ်းဖက်စစ် တပ် အမှတ် ၁၃ မှ တကောင်းလမ်းဆုံသို့ အင်အား ဖြည့်တင်းရန် အကြမ်းဖက်စစ်သား ၁၀၀ ခန့်ပါ စစ် ကား ၇ စီးကို ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့-တကောင်းမှ ပဒေသာမိုင်း ၄ လုံးဖြင့်ဖောက် ခွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“နေ့လယ်ခင်း ၁ နာရီမထိုးခင် တွင်းငယ် ၁၃ တပ်ကနေ တက်လာတာ၊ တ ကောင်း မြို့ထဲမဝင်ဘူး၊ လမ်းဆုံ တင်ပဲ၊ အင်အား ၁၀၀ လောက်ပါတယ်၊ အဲဒီထက် တော့မနည်းဘူး၊ ပဒေသာမိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့တာ၊ စစ်ခွေး ၁၀ ကောင်သေတယ်သတင်းရတယ်၊ ကားရဲ့အပေါ်ပိုင်းပဲ ထိတာဆိုတော့ မောင်း ပြေးသွးတယ်၊ ကားပေါ်ကနေ တရစပ်ပစ်ပြီးမောင်းပြေးသွားတာ၊ ဒီနေ့တော့ လမ်းကြောက်တလျှောက်မှာ ခွေးတွေ နေရာယူထားတယ်” ဟု ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ – တကောင်းမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် ယမန်နှစ်အတွင်း မိုင်းမိ၍ ပျက်စီးနေသော စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article