36 C
Yangon

မတ္တရာတွင် ကား ၅ စီးပါသော စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

Must read

မတ္တရာတွင် ကား ၅ စီးပါသော စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၉

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာ၊ မန္တလေး-မိုးကုတ်လမ်းတွင် စစ်ကား ၅ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ ကြောင်း တော ကြီး မြွေပွေး တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တီက ရန်ကုန် ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။

ယနေ့မတ်လ ၂၉ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၄၀ခ န့်က စဉ့်ကူးမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက် ပြီး မတ္တရာမြို့နယ်သို့ ပြန်လာသော အင်အား ၇၀ ကျော် ပါ အကြမ်းဖက်စစ်ကား ၅ စီးကို မတ္တရာမြို့နယ်၊ စကျင်ရွာမှ မန္တလေး-မိုးကုတ် လမ်းအထွက် ကားလမ်းမပေါ်ရှိ တံတားဖြူ တံတားအနီး မိုင်းဆွဲ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရ သည်။

“မနေ့က စဉ့်ကူးဘက်ကို ဝင်ပြီး ဒီနေ့မတ္တရာကို ပြန်ဆုတ်တဲ့အချိန် တိုက်ခိုက် ခဲ့တာ၊ ခွေးသေတွေကို မတ္တရာ ဆေးရုံကို တန်းပြီး သယ်သွားတယ်၊ ဆေးရုံထဲလဲ လူအဝင်မခံဘဲ ပိတ်ပစ်လိုက်တယ်၊ စဉ့်ကူး ဘက်မှာတော့ မီးရှို့ခံရတာ၊ ဖမ်းဆီးခံ ရ တာတော့ လောလောဆယ်မကြားရသေးဘူး၊” ဟု တောကြီး မြွေ ပွေးတပ် ဖွဲ့ခေါင်းဆောင် ဗိုလ်တီက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို တောကြီးမြွေပွေးပျောက်တပ်ဖွဲ့၊ ပြည်သူ့ရဲတပ်ဖွဲ့၊ လုံခြုံ ရေးနှင့် အကြမ်းဖက်နှိမ် နင်းရေးဌာနကြီး အဖွဲ့ ၅ ဖွဲ့နှင့် မတ္တရာမြို့နယ် အခြေ စိုက်မှ ပြည်သူ့တပ်ဖွဲ့ဝင်များက ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ သည်။

စစ်တပ်က ယမန်နေ့မတ်လ ၂၈ ရက် မွန်းလွဲ ၃ နာရီခန့်အချိန် ထိတွေ့ တိုက်ပွဲ မရှိဘဲ မတ္တရာမြို့နယ်၊ မြွေဟင်္သာကျေးရွာမှ နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ပြီး စဉ့်ကူးမြို့နယ်၊ ကျွန်းကြီးကျေးရွာနှင့် မတ္တရာမြို့နယ်၊ မြွေပုံကျန်ကျေးရွာကို စစ် ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကားတစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article