ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ မတ် ၃၀
ယင်းမာပင်မြို့နယ်တွင် ယနေ့ မတ်လ ၃၀ ရက်နေ့၌ စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို ကျေးလက်သူပုန် သပိတ်စစ်ကြောင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းနှင့် ရတနာပုံ တက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။