ရန်ကုန်၊ ဇူလိုင် ၁၆
အာဏာနှင့်အကျိုးစီးပွားကို ထိပါးလာသည်ဟု ခံစားမိပါက မတရားအကြောင်းပြချက်ဖြင့် အာဏာ သိမ်းလေ့ရှိသည့် စစ်အုပ်စုကို ပြည်သူလူထု တရပ်လုံး အနေဖြင့် မတရားမှုအပေါင်းမှ ကာကွယ်ပိုင် ခွင့် နှင့် ခုခံတော်လှန်ပိုင်ခွင့်ရှိကြောင်း KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ကျရောက်သည့် ၇၉ နှစ်မြောက် “ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့-KNDO” နေ့သို့ ပေးပို့သော သဝဏ်လွှာတွင် ၎င်းက အထက်ပါအတိုင်းထည့်သွင်း ပြောဆိုခဲ့ ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းခြင်းသည် အာဏာနှင့် အကျိုးစီးပွါးများကို ထိပါးလာသည်ဟု ခံစားမိသည်နှင့် မတရားအကြောင်း ပြချက်များဖြင့် အာဏာသိမ်း လေ့ရှိသည့် အလေ့အထရှိသည့် စစ်အုပ်စု၏ သရုပ်သဏ္ဍာန်ကို ဧကန်အမှန် ပြသခြင်းဖြစ်ကြောင်း၊ စစ်အုပ်စုသည် အခြားလူမျိုးများနှင့် ပြည်သူလူထု၏ တောင်းဆိုမှုများကို လစ်လျူရှုခဲ့ပြီး အာဏာ တည်မြဲရေး အ တွက် မတရားသည့် နည်းလမ်းများကို အသုံးပြုကာ ပြည်သူလူထုနှင့် အခြားသော လူမျိုးများ၏ မွေး ရာပါ အခွင့်အရေးများကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်လျက်ရှိကြောင်း အသိပေးထားသည်။
ထို့အပြင် အာဏာသိမ်း စစ်အုပ်စုသည် ပြည်သူလူထုနှင့် အခြားသောလူမျိုးများ၏ ရည်မှန်းချက်များ နှင့် အညီ နိုင်ငံကို ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖြင့် တည်ဆောက်ရန် စိတ်ဆန္ဒ လုံးဝကင်းမဲ့နေပြီး ၎င်း တို့၏အာဏာ တည်တံ့ခိုင်မြဲရေးအတွက် အတုအယောင် ရွေးကောက်ပွဲကိုကျင်းပကာ ၂၀၀၈ ဖွဲ့စည်း ပုံ အခြေခံဥပဒေကို ပြန်လည်အသက်သွင်းနိုင်ရန်နှင့် စစ်အုပ်စုနှင့် အပေါင်းအပါများကို အာဏာ အပ် နှင်းနိုင်ရန် ကြိုးစားအားထုတ်ခဲ့သည်ဟု ဆိုသည်။
ထိုသို့ လုပ်ရပ်များသည် နိုင်ငံရေးပြဿနာအတွက် အဖြေရှာပြီး နိုင်ငံ၏ပြဿနာကို ဖြေရှင်းနိုင်မည့် လုပ်ရပ် အလျှင်းမဟုတ်ကြောင်း၊ ပဋိပက္ခနှင့် ပြဿနာများ ပိုမိုရှုပ်ထွေးသွားစေရန် လုပ်ဆောင်ခြင်း သာ ဖြစ်ကြောင်း၊ စင်စစ်အားဖြင့် နိုင်ငံရေးပြဿနာ၏ အဓိက အဖြေမှန်သည် နိုင်ငံရေးနယ်ပယ် အ သီးသီးမှ စစ်အာဏာရှင်များ နုတ်ထွက်သွားကြပြီး စစ်အုပ်ချုပ်ရေးစနစ် အဆုံးသတ်ကာ နိုင်ငံ၏ အုပ် ချုပ်ရေးစနစ်ကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ် ဖြင့် တည်ဆောက်သွားခြင်းသာဖြစ်ကြောင်း ထောက်ပြထားသည်။
ထို့ကြောင့် စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို အခြေခံသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ် ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ ပြီးပြည့်စုံရန်အတွက် လက်မလျှော့သည့် လုံ့လဝီရိယဖြင့် ဆက်လက် ကြိုးပမ်းအားထုတ် ကြရမည်ဖြစ်ပြီး စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် ပြည် သူလူထု တရပ်လုံးအနေဖြင့် မတရားမှုအပေါင်းမှ ကာကွယ်ပိုင်ခွင့်နှင့် ခုခံတော်လှန် ပိုင်ခွင့် အခွင့်အ ရေးများရှိနေသည်ကို သတိရှိကြရမည်ဖြစ်ကြောင်း အသိပေးထားသည်။
၁၉၆၂ ခုနှစ်မှစ၍ စစ်အုပ်စုက နိုင်ငံ၏အာဏာကို လုယူကာ စစ်အုပ်ချုပ်ရေးစနစ်ကို ဖွဲ့စည်းပုံအခြေ ခံဥပဒေဖြင့် စစ်တပ်ကို အာဏာအပ်နှင်းထားသည့် ပုံစံဖြင့် တမျိုး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိသည့် ဥပဒေမဲ့ စစ်အုပ်ချုပ်ရေး စနစ်ဖြင့် တဖုံ၊ ပုံစံအမျိုးမျိုးဖြင့် စစ်အုပ်ချုပ်ရေးကို အကောင် အထည်ဖေါ် ကာ ယနေ့ထက်ထိတိုင် အကြမ်းဖက်အုပ်ချုပ်နေသည်။




