ရန်ကုန်တွင် စစ်ကောင်စီ၏ အတုအယောင် သင်္ကြန်ပွဲကို ဆန့်ကျင်တော်လှန်ရေး UG များ လှုပ်ရှား
ရန်ကုန်၊ ဧပြီ ၁၁
ရန်ကုန်တွင် စစ်ကောင်စီ၏ အတုအယောင် သင်္ကြန်ပွဲကို ဆန့်ကျင်တော်လှန်ရေး UG များ လှုပ်ရှားကြကြောင်း သိရှိရသည်။
ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့တစ်ဖွဲ့မှ လူငယ်များက ရန်ကုန်မြို့၏ လူစည်ကားရာနေရာစုံမှ No သင်္ကြန်လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ကြသည်။
” ဘတ်စ်ကားတွေပေါ်မှာ၊ ကားမှတ်တိုင်တွေမှာ၊ပန်းခြံတွေထဲမှာ၊လမ်းမတွေရဲ့ဓာတ်တိုင်တွေမှာ၊ကုန်တိုက်တွေမှာ No သင်္ကြန် စတေကာတွေလိုက်ကပ်ခဲ့ကြတာပါ၊ နေရာတိုင်းမှာ လုံခြုံရေးတွေရှိနေတော့ တော်တော်လေး သတိထားပြီး စွန့်စွန့်စားစားလုပ်ခဲ့ရပေမယ့် ကျနော်တို့အောင်မြင်ခဲ့ပါတယ် ” ဟု အဆိုပါ လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ ကိုချာဂျင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်တွင် လုံခြုံရေး ထူထပ်စွာ ချထားသည့် ကြားမှ အဆိုပါ လှုပ်ရှားမှုကို ဆောင်ရွက်ခြင်းဖြစ်သည်။
“အရင်ရက်တွေထက်ကို လုံခြုံရေးတင်းကျပ်ထားတာတွေ့ရတယ်၊ ကျနော်တို့ကလည်း ဒီနေ့လုပ်ဖို့စီစဥ်ထားပြီးသားဖြစ်နေတော့ ရအောင်လုပ်ခဲ့တာပါ၊ ဒီအချိန်ဟာ ပျော်ကြရမယ့်အချိန်မဟုတ်ပါဘူး၊ဘဝတွေပျက်ပြီးအသက်ပါဆုံးရှုံးနေကြရတဲ့သူတွေကို အားနာသင့်ပါတယ်”ဟု အဆိုပါလှုပ်ရှားမှုတွေပါဝင်သည့်လူငယ်တစ်ဦးကလည်းပြောသည်။
စစ်ကောင်စီ၏ အတုအယောင် သင်္ကြန် ဆန့်ကျင်ရေး လှုပ်ရှားမှုကို ရန်ကုန်အခြေစိုက် မြေအောက်အဖွဲ့တစ်ဖွဲ့ဖြစ်သော Fight For Future အဖွဲ့က ပြုလုပ်ခဲ့ခြင်းသည်။


