30 C
Yangon

တန့်ဆည်နှင့် ခင်ဦးတွင် စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် ပြည်သူများ ထွက် ပြေး တိမ်းရှောင်နေရပြီး တချို့ ပိတ်မိ၊ ချောင်းရိုးကျေးရွာကို စစ်တပ်က မီးတင်ရှို့နေ

Must read

တန့်ဆည်နှင့် ခင်ဦးတွင် စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် ပြည်သူများ ထွက် ပြေး တိမ်းရှောင်နေရပြီး တချို့ ပိတ်မိ၊ ချောင်းရိုးကျေးရွာကို စစ်တပ်က မီးတင်ရှို့နေ

ရန်ကုန်၊ ဧပြီ ၁၁

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်နှင့် ခင်ဦးမြို့နယ်တို့တွင် စစ်တပ်က စစ် ကြောင်း ထိုးနေသဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူတချို့ ပိတ် မိ နေကာ ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က ချောင်းရိုးကျေးရွာကို ရွာလုံး ကျွတ် မီးတင်ရှို့နေကြောင်း သိရှိရသည်။

ဧပြီလ ၁၁ ရက်နေ့ နံနက် ၅ နာရီခန့် အချိန် တန့်ဆည်မြို့နယ်( ရေဦးနယ် အစပ် ) ချောင်းရိုးကျေးရွာအတွင်းသို့ စစ်တပ်က လက်နက်ကြီး၊ လက်နက် ငယ် များ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ပြည်သူအချို့ပိတ်မိနေကြောင်း၊ နံနက် ၆ နာရီ ခွဲခန့်အချိန်မှစ၍ ချောင်းရိုးကျေးရွာကို ရွာလုံးကျွတ် မီးတင်ရှို့နေ​ကြောင်း သိ ရှိရသည်။

“ရွာထဲမှာ ပိတ်မိသူတွေလည်းရှိတယ်။ ပိတ်မိသူတွေလည်း ဘာဆက်ဖြစ်လဲ မသိရသေးဘူး။ ပြေးတဲ့သူတွေလည်း အကုန်ပြေးနေရတယ်” ဟု ကျေးရွာ သားတစ်ဦးက ပြောသည်။

အလားတူ ဧပြီလ ၁၀ ရက်​နေ့ ခင်ဦးမြို့နယ်သို့ ရေဦးမြို့နယ်မှ စစ်အင်အား ၆၀ ခန့်ဝင်ရောက်လာပြီး ချမ်းသာကုန်းနှင့် ရွာသစ် အကြားအရောက်တွင် အင်း ပတ် ကျေးရွာကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် နေ ကြောင်း၊ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အခြေအနေစိုးရိမ်ရကြောင်း သိရှိရသည်။

လက်ရှိတွင် ခင်ဦးမြို့နယ်၊ အင်းပတ် ၊ ချမ်းသာကုန်း၊ ရွာသစ်၊ ကုန်းသာ ၊ မရမ်းအင်း ၊ ညောင်ပင်ခြံ၊ ဆည်ကြီး စသည့်ကျေးရွာများမှ ပြည်သူ ၃၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article