32 C
Yangon

ကန်ပက်လက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂ ဦးသေဆုံး၊ သရက်ချောင်းတွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ကန်ပက်လက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂ ဦးသေဆုံး၊ သရက်ချောင်းတွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၃၀

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကြောင်း CDF-Kanpetlet ထံမှ သိရသည်။

ဧပြီလ ၂၉ ရက်နေ့တွင် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့၌ တပ်စွဲထားသော စစ်သားများက CDF-Kanpetlet ထိန်းချုပ် နယ်မြေ အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက် လာစဥ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲသည် ကျင်ဒွေးမြို့နှင့် ငါးအော်ကျင်းရွာ အကြားတွင် ဖြစ်ပွားခဲ့ပြီး စစ်တပ် ဘက်မှ စစ်သား ၂ ဦး သေဆုံးကာ CDF-Kanpetlet မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီထောက်တိုင် ပျူစောထီးလမ်းပြတစ်ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးသွားကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၂၉ ရက် ညနေ ၆ နာရီ ၁၄ မိနစ်ခန့်က သရက်နှစ်ခွ‌ကျေးရွာနေ အကြမ်းဖက်စစ်ကောင် စီထောက်တိုင် ပျူစောထီးထွန်းစိန်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ သွားရောက်ဖမ်းဆီးခဲ့ရာ အဖမ်းမခံပဲ ဆိုင်ကယ်နှင့်မောင်းနှင်ထွက်ပြေးသဖြင့် သေနတ်ဖြင့် ၆ ချက် ပစ်ခတ်ရာ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းပစ်ခတ်ရှင်းလင်းမှုနှင့် ပတ်သက်၍ ရပ်ရွာနေ ပြည်သူများနှင့် လုံးဝ(လုံးဝ) သက်ဆိုင်ခြင်းမရှိပါ ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article