32 C
Yangon

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ပြည်ပရောက် မြန်မာ နိုင်ငံသားများက စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

Must read

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ပြည်ပရောက် မြန်မာ နိုင်ငံသားများက စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၃၀

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ချီတက် ဆန္ဒပြသူများက ဂျပန်အစိုးရအနေနှင့် G7 နှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးပြသာနာများကို ဖြေရှင်းပေးရန်၊ G7နှင့် ချိတ်ဆက်ပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်တပ်ကို စီးပွားရေး ပိတ်ဆို့အရေးယူပေးရန်၊ NUG ကို အသိအမှတ် ပြုပေးရန်၊ မြန်မာပြည်သူများထံ မရောက်ရှိသေးသည့် လူသားချင်း စာနာမှု အကူအညီတွေကို အကြမ်းဖက် စစ်ကောင်စီမှ တဆင့် မပေးပို့ရန်၊ စစ်ဘေးသင့် ဒေသများသို့ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီများ ပေးနိုင်ရန် NUG ဂျပန် ကိုယ်စားလှယ်ရုံးခန်းနှင့် ချိတ်ဆက်လုပ်ကိုင်ရန်၊ ICC အလုပ်ဖြစ်ဖို့ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးအတွက် ထိရောက်တဲ့ ပေါ်လစီချမှတ် လုပ်ကိုင်ပေးရန်၊ နိုင်ငံရေး အကျဥ်းသား အားလုံး လွတ်မြောက်ရန် စသည့် အချက်များ ချီတက် တောင်းဆိုခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article