25 C
Yangon

KNU တပ်မဟာ ၂ နယ်မြေတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး စစ်တပ်ဘက်မှ ၁၉ ဦးထက်မနည်းသေဆုံး

Must read

KNU တပ်မဟာ ၂ နယ်မြေတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး စစ်တပ်ဘက်မှ ၁၉ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဧပြီ ၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ KNU တပ်မဟာ ၂ နယ်မြေ တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၉ ဦးထက် မနည်းသေ ဆုံးကြောင်း KNU တပ်မဟာ ၂ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

မတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီအချိန် လိပ်သိုမြို့မှ ဆင်းလာသော စစ်ကား ၃ စီးကို KNLAတပ်မဟာ၂ တပ်ရင်း၅ နှင့်PDFပူးပေါင်းတပ်များက ရေပူစမ်း အနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုကြားဖြတ်တိုက်ခိုက်မှုတွင် အဏာ သိမ်းအကြမ်းဖက်စစ်ကောင်စီး၏ကားတစ်စီးပျက်စီးသွားပြီး ၇ ဦးထက်မနည်း သေဆုံး သွားကြောင်း၊ ညပိုင်းတွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာအနီးအနားရှိ သံမိုးတောင်ရွာကို မီးသွားရောက်ရှိူ့ခဲ့ပြီး ပြည်သူလူထုနေအိမ် ၈လုံးမီး လောင် သွားကြောင်း သိရှိရသည်။။

ဧပြီလ ၁ ရက်နေ့ နံနက် ၉နာရီဝန်းကျင်အချိန် သံမိုးတောင်ရွာမှ ပြန်ဆင်း လာ သော စစ်တပ်စစ်ကြောင်းကို မုဒ်ဦးရွာအရောက်တွင် KNLA တပ် မဟာ၂ တပ် ရင်း ၅နှင့် PDFပူးပေါင်းတပ်များက စနိုက်ဘာဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၂ ဦးထပ်မံသေဆုံးခဲ့ကြောင်း၊ နံနက် ၁၀နာရီ မိနစ် ၂၀အချိန် ဆိတ်ကုန်းရွာတွင်လည်း စစ်တပ်စစ်ကြောင်းကို ထပ်မံ တိုက်ခိုက် ခဲ့ရာ စစ်သား ၁၀ဦးထက်မနည်းထပ်မံသေဆုံးခဲ့ကြောင်း၊ မွန်းလွဲ ၁နာရီ အချိန် ခန့်တွင် မွန်ကုန်းရွာနှင့် ရှုခင်းသာရွာကြား စစ်ကောင်စီဘက်က ထိခိုက်ကျ ဆုံးမှုများသဖြင့် လက်နက်ကြီးလက်နက်ငယ်များ အပြန်လမ်းတစ်လျှောက် ရမ်းသမ်းပစ်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“လက်ရှိ KNU တပ်မဟာ ၂ မှာ စစ်မျက်နှာ ဖွင့်တာက ရင်း ၅ နဲ့ ရင်း ၆ ပေါ့။ ရင်း ၅ ကတော့ လိပ်သို သံတောင်ကြီးဘက်မှာ။ ရင်း ၆ ကတော့ ရေတာရှည် ဘက်မှာ စစ်မျက်နှာဖွင့်ထားတာ။ ရင်း ၅ ရော ရင်း ၆ ရောက စစ်ကောင်စီ တပ် တွေကို အပြတ်တိုက်နေတဲ့ တပ်ရင်းတွေပါ” ဟု KNU တပ်မဟာ ၂ သတင်းရင်း မြစ်က ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article