31 C
Yangon

အမေရိကန် Tufts တက္ကသိုလ်တွင် မြန်မာ့အရေး ဆွေးနွေးပွဲသို့ ကုသလမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက် ဆွေးနွေး

Must read

အမေရိကန် Tufts တက္ကသိုလ်တွင် မြန်မာ့အရေး ဆွေးနွေးပွဲသို့ ကုသလမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက် ဆွေးနွေး

ရန်ကုန်၊ ဧပြီ ၂

အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်ရှိ အမေရိကန် Tufts တက္ကသိုလ်တွင် မြန်မာ့အရေး ဆွေးနွေးပွဲသို့ ကုသလမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက် ဆွေးနွေးကြောင်း သိရှိရသည်။

The Fletcher School of and Diplomacy က ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အထူး ဖိတ် ကြား ကာ International Responsibility in Responding to Myanmar’s Crisis Panel ဆွေးနွေးပွဲကို မတ်လ ၃၁ ရက်နေ့တွင် အဆိုပါ တက္ကသိုလ်ရှိ ASEAN Auditorium ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိ ရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ အမေရိကန် တက္ကသိုလ်အသီးသီးမှ ကျောင်းသားများ၊ မြန်မာ့အရေးစိတ်ဝင်စားသူများ တက်ရောက်ခဲ့ပြီး မြန်မာစစ်တပ်​၏ လူသား မဆန်သော စစ်ရာဇဝတ်မှုနှင့်အကြမ်းဖက်မှုများကို သံအမတ်ကြီးက ရှင်းလင်းတင်ပြကြောင်း၊ ထို့နောက် အဆိုပါတက္ကသိုလ်​သို့ State Department Fellow အစီစဉ်ဖြင့်ရောက်ရှိနေသော US Foreign Service Officer MR David Muehlke နှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့က လက်ရှိ ဖြစ် ပေါ်နေသော မြန်မာ့အရေးတုံ့ပြန်မှု့နှင့် ပတ်သက်ပြီး နိုင်ငံတကာ​၏ တာဝန်ရှိမှု ကိစ္စရပ်များကို ဦးဆောင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ဆွေးနွေးပွဲ တက်ရောက်လာသည့် ကျောင်းသားများ၊ မြန်မာ့အရေး စိတ် ဝင်စားသူများ နှင့် တက်ကြွလှုပ်ရှားသူများ​၏ မေးခွန်းများကို သံအမတ်ကြီးမှ ပြန်လည်ဖြေကြားခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့ရှိ Tufts University မှကျောင်း သားများအပြင် Harvard University မှကျောင်းသားများလည်း တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

Photo – Kyaw Soe Latt

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article