25 C
Yangon

မြန်မာ ပြည်သူကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေသော စစ်ကောင်စီ အကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကနေဒါနိုင်ငံ Montmorency ကောလိပ် မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခနှင့် ကျောင်းသားများကို ရှင်းပြ

Must read

မြန်မာ ပြည်သူကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေသော စစ်ကောင်စီ အကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကနေဒါနိုင်ငံ Montmorency ကောလိပ် မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခနှင့် ကျောင်းသားများကို ရှင်းပြ

ရန်ကုန်၊ ဧပြီ ၄

မြန်မာနိုင်ငံတွင် ပြည်သူကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေသော အကြမ်းဖက် စစ်ကောင်စီ အကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကနေဒါနိုင်ငံ Montmorency ကောလိပ် မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခနှင့် ကျောင်းသားများကို ရှင်းပြကြောင်း နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စား လှယ်ရုံးထံမှ သိရှိရသည်။

အမေရိကန်စံတော်ချိန် ဧပြီ ၃ ရက်နေ့ (မြန်မာစံတော်ချိန် ဧပြီလ ၄ ရက်နေ့) နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် ကနေဒါနိုင်ငံ Montmorency ကောလိပ် မှ နိုင်ငံ ရေးသိပ္ပံ ပါမောက္ခ Political Science Professor Ms. Valerie Lafrance ဦးဆောင်သည့် နိုင်ငံရေးသိပ္ပံ ကျောင်းသား၊ ကျောင်းသူ ၂၆ ဦးနှင့် ဆရာ၊ ဆရာမ ၂ ဦး စုစုပေါင်း ၂၉ ဦးတို့က အမေရိကန်ပြည်ထောင်စု၊ နယူး ယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ရုံးသို့ လာရောက်၍ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို လာရောက်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ထိုသို့တွေ့ဆုံစဉ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသာ စစ်တပ်​၏ မတရားအာဏာသိမ်းပိုက်ရန် ကြိုးပမ်းမှု၊ စစ်တပ်မှ မြန်မာပြည်သူများအပေါ် ဆိုးရွားစွာ လူ့အခွင့်အရေး ချိုးဖောက်နေမှု၊ လူအစု အလိုက် အပြုံလိုက် သတ်ဖြတ်နေမှု၊ လေယာဉ်များဖြင့် ပြည်သူများအပေါ် အဆင် ခြင်မဲ့ ဗုံးကြဲတိုက်ခိုက်နေမှု၊ ပြည်သူများ​၏ အသက်အိုးအိမ်များကို မီးရှို့ဖျက်ဆီးနေမှု၊ လူအများအပြားအား အိုးမဲ့အိမ်မဲ့ ဖြစ်စေမှု စသည့် စစ်တပ် က မြန်မာပြည်သူများအပေါ် ကျူးလွန်နေမှုများကို ရှင်းလင်း ဆွေးနွေး ခဲ့ ကြောင်း သိရှိရသည်။

ထို့နောက် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ​၏ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေမှု၊ စစ်တပ်အာဏာသိမ်းခြင်းအား လက်မခံမှု၊ စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီပြန်လည်ရရှိလျှင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင် ရေးအတွက် ပြည်သူ့တော်လှန်ရေးဆောင်ရွက်နေမှု တို့အပါအဝင် မြန်မာနိုင်ငံ​၏ လက်ရှိအခြေအနေ၊ မြန်မာပြည်သူများ မျှော်မှန်းသည့် မြန်မာနိုင်ငံ​၏ အနာဂတ်၊ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း ၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ပါမောက္ခနှင့်အဖွဲ့မှ မြန်မာနိုင်ငံအတွက် လိုအပ်သည်များကို အကူ အညီပေးနိုင်ရေးနှင့် စပ်လျဉ်း၍ မြန်မာသံအမတ်ကြီးနှင့် ဆက်လက် ဆွေးနွေး ခဲ့ကြကြောင်း၊ ထို့နောက် ကျောင်းသား/ကျောင်းသူများ​၏ မေးမြန်းမှုများကို သံအမတ်ကြီးက ပြန်လည်ဖြေကြားခဲ့သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံ​၏ လက်ရှိတော်လှန်ရေး အရှိန်အဟုန်မြင့်မားနေသည်နှင့်အတူ နိုင်ငံတကာ တက္ကသိုလ်များမှ နိုင်ငံရေးသိပ္ပံကျောင်းသားများ၊ ဥပဒေရေး ရာကျောင်းသားများ၊ လူ့အခွင့်အရေးနှင့်ပတ်သက်သော ဘာသာရပ်သင် ကျောင်းသားများ၊ ပါမောက္ခများက မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းနှင့် တွေ့ဆုံဆွေးနွေးမှုများ ခပ်စိပ်စိပ်တွေ့လာကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်နှစ်ဦးပိုင်းတွင်ပင် အမေရိကန် Columbia University၊ Tufts University၊ Cornell University၊ ကနေဒါ Montmorency College တို့က ဦးကျော်မိုးထွန်းကို အထူးဖိတ်ကြား၍ မြန်မာ့အရေးနှင့် အကြမ်းဖက်စစ်တပ်က ပြည်သူအပေါ် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများအကြောင်းကို လေ့လာ ဆွေးနွေးမှုများ ဆက်တိုက်လုပ်ဆောင်လာကြောင်း သိရှိရသည်။

Photo- Lewis Lynn

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article