Khit Thit သတင်းဌာန၏ ဧပြီ ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၄ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီဘက်က ၃ ဦး ထက် မနည်း သေသွားတယ်လို့ ကျားဖြူ တပ်ခွဲ ၅ (Justice Solider PDF) ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
– ရန်ကုန်တိုင်း၊ ခရမ်းမြို့မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ဂိတ်စခန်း ၂ ခုကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေက ၄၀ မမ ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦး သေသွားတယ်လို့ ခရမ်းမြို့နယ် PDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါ တယ်။
– မြန်မာပြည်သူကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ အကြောင်းကို သံအမတ်ကြီး ဦးကျော်မိုးထွန်းကနေ ကနေဒါနိုင်ငံ Montmorency ကောလိပ် က နိုင်ငံရေးသိပ္ပံ ပါမောက္ခ နဲ့ ကျောင်းသားတွေကို ရှင်းပြ ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။