25 C
Yangon

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ င ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးဖြင့် ပစ်ခတ် ခံရပြီး ပေါက်ကွဲမှု ဖြစ်၊ အရှေ့ဒဂုံတွင် ဗုံးပေါက်ကွဲ

Must read

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ င ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးဖြင့် ပစ်ခတ် ခံရပြီး ပေါက်ကွဲမှု ဖြစ်၊ အရှေ့ဒဂုံတွင် ဗုံးပေါက်ကွဲ

ရန်ကုန်၊ ဧပြီ ၅

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ င ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖြင့် ပစ်ခတ်ခံရပြီး ဗုံးပေါက်ကွဲမှုဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် မြောက်ဥက္ကလာပမြို့နယ်၊ င ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ မသိရှိရသေးကြောင်း ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

“ဒီနေ့မနက် ၅ နာရီ ၃၀ မိနစ် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ င/ရပ်ကွက်ရုံး ဗုံးဖြင့်အပစ်ခံရတယ်။ ပျက်စီးထိခိုက်မှုကသွားကြည့်လို့မရပါဘူး။

ဗုံးကွဲသံကတော့တော်တော်အောင်ပါတယ်။ ပုံမှန်တော့ စစ်ခွေး တစ်ကောင် နှစ်ကောင် ရုံးမှာ ရှိနေတတ်တယ်” ဟု မြောက်ဥက္ကလာပ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အလားတူ ယနေ့ နံနက် ၅ နာရီ ၄၀ မိနစ်အချိန် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် ဗုံးပေါက်ကွဲသံ ကျယ်လောင်စွာ ကြားရပြီး နံနက်အစောအချိန် ဖြစ်သည့်အတွက် မည်သည့်နေရာတွင် ပေါက်ကွဲသည်ကို မသိရှိရသေးဟု အရှေ့ဒဂုံ ၇/၈ လမ်းဆုံ အနီးနေထိုင်သူတစ်ဦးက ရှင်းပြသည်။

“ဗုံးပေါက်ကွဲသံကတော့ ဟိန်းနေတာပဲ။ နည်းနည်းတော့ လန့်သွားတယ်။ မနေ့ညက တစ်ညလုံး မီးပြတ်တော့ ပူအိုက်နေချိန် အိပ်မရ မနက်ပိုင်း တစ်ချက်မှေးသွားချိန်မှာ ဗုံးကွဲသံကြောင့် နိုးလာတာ” ဟု အရှေ့ဒဂုံ ၇/၈ လမ်းဆုံ အနီးနေထိုင်သူက ရှင်းပြသည်။

ရန်ကုန်တွင် ယမန်နေ့ညပိုင်းက ညလုံးပေါက် မီးပြတ်မှုများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် ပဲခူးတိုင်း ကျောက်တံခါးမြိုနယ်ရှိ သာယာကုန်း ပင်မဓာတ်အားခွဲရုံကို ဒရုန်းဖြင့် ဗုံး ၁၀ လုံးခွဲ တိုက်ခိုက်မှုကြောင့် မီးပြတ်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ- မြောက်ဥက္ကလာပ င ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အခြေအနေ။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article