35 C
Yangon

ကရင်နှင့် မွန်တွင် ပြည်သူ အားကိုးသည့် နာမည်ကျော် တိုင်းရင်း သား လက်နက် ကိုင် ခေါင်းဆောင်များ သစ္စာ ရေသောက် ပူးပေါင်း စုစည်းသွားမှု စစ်ကောင် စီ ပြာယာခေတ်

Must read

ကရင်နှင့် မွန်တွင် ပြည်သူ အားကိုးသည့် နာမည်ကျော် တိုင်းရင်း သား လက်နက် ကိုင် ခေါင်းဆောင်များ သစ္စာ ရေသောက် ပူးပေါင်း စုစည်းသွားမှု စစ်ကောင် စီ ပြာယာခေတ်

■ နွေဦးတော်လှန်ရေး၏ အချိုးအကွေ့ တစ်ခုသို့ ရောက်ရှိဟုဆို

By ရန်ကုန်ခေတ်သစ်

ကရင်ပြည်နယ်၊ မွန်ပြည်နယ်အတွင်းရှိ ပြည်သူလူထုအားကိုး ယုံကြည်သော နာ မည်ကျော် လက်နက်ကိုင်ခေါင်းဆောင်များက စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ် တိုက်ခိုက်ရေး ဧပြီလ ၃ ရက်နေ့တွင် သစ္စာရေ သောက်ခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်ရန် ဓာတ်ပုံများနှင့်တကွ သတင်းထုတ် ပြန်လိုက်ကြသည်။

“နွေဦးတော်လှန်ရေး အရှိန်မြှင့်တင်ရန်နှင့် တော်လှန်ရေးအောင် ပန်းအမြန် ဆုံးဆွတ်ခူးနိင်ရေး ရှေးရှုကာ အကွဲအလွဲမရှိ ကရင့်တော်လှန်ရေးစစ်စစ် အောင် မြင်ရန်အတွက်” ဟု ရည်ရွယ်ချက် ဖော်ပြထားသော Lion Battalion Commando-ဗျူဟာစစ်ကြောင်း၏ ထုတ်ပြန်ချက် စာသား တစ်ကြောင်း တည်းက ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ကို အဓိက ကိုင်တွယ်နေရသော အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နေပြည်တော် စစ်ကောင်စီ၏ စစ်ရုံးတို့ကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။

အထူးသဖြင့် နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နှိမ်နင်း သုတ်သင်နိုင်ခဲ့သော နာမည်ကျော် ကော်သူလေးတပ်မတော် စစ်ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး စောနယ်ဒါးဘိုမြ၊ Lion Battalion Commando-ဗျူဟာ စစ်ကြောင်း ဗျူဟာမှူး ဗိုလ်အယ်စေးဝါး၊ ကျားဖြူစစ်ကြောင်း စစ်ကြောင်းမှူး ဗိုလ်ကျော် သက်၊Cobra Column စစ်ကြောင်းမှူး ဗိုလ်ဒါဘော၊ ဒုစစ်ကြောင်း မှူး ဗိုလ်စောကော် တို့ပါဝင်နေခြင်းက စစ်ကောင်စီ တပ်များအားလုံးကို အရေး ပေါ် တပ်လှန့်မှုများ ဖြစ်ပေါ်စေခဲ့သည်။

” တော်လှန်ရေး မျိုးဆက်သစ်၊ လက်နက်ကိုင် ခေါင်းဆောင်တွေ စုစုစည်းစည်း ဖြစ်နေတဲ့ ဓာတ်ပုံတွေ ထွက်လာတဲ့နေ့မှာပဲ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ အရေးပေါ် အစည်းအဝေး ခေါ်တယ်။ မလာနိုင်တဲ့ စစ်တပ် တပ်ရင်းမှူးတွေ အွန် လိုင်းက ပါဝင်ကြတယ်။ အဓိက တပ်တွေ လုံခြုံ ရေး၊ ဘန်ကာတွေ သေချာ ဆောက်ဖို့ ၊ ဒရုန်းဖျက်ချတဲ့ Jammer ပြန်စစ်ဆေးဖို့ တပ်လှန့်ပါတယ်။ နောက် တစ်ခါ ရဲစခန်း၊ ရဲကင်းတွေကို PDF တွေ ဝင်လာနိုင်တယ်။ သေချာစစ်ဆေးပါ ဆိုတဲ့ ကြေးနန်းမျိုးတွေ တောက်လျှောက် ထုတ်ပါတယ်။ အကုန်တော့ ပြာပြာ သလဲတွေတော့ ဖြစ်ကုန်တယ်။ စုစည်းသွားတဲ့လူတွေက တကယ့်ကို တပ်ကို နှက်တဲ့ လူတွေဆိုတော့ ဒီဘက်မှာ အတော်ကို သက်ရောက်မှုရှိတယ်။ နေပြည် တော် စစ်ရုံးဘက်ကလည်း အခြေအနေတွေကို အချိန်နဲ့ တပြေးညီတင်ပေးဖို့ ညွှန်ကြားတာတွေ ရောက်တယ်” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

မကြာသေးခင်ကလည်း ကျိုက်ထိုခရိုင် ဘီးလင်းမြို့နယ် ဘီးလင်းချောင်းဖျား အနီးတွင် KNU / PDF တစ်ရာ ၁၀၀ နီးပါးခန့် ရောက်ရှိနေပြီး ၄င်းတို့သည် ရန်ကုန် သို့ ကားဖြင့်သွားရန်အတွက် စီစဥ်လျက်ရှိကြောင်း သိရှိရမှုအား တင်ပြအပ်ပါသည်ဆိုသော ရဲကြေးနန်း စာတစ်စောင်ကြောင့် မြ၀တီမှ- ရန်ကုန် အထိ လမ်းတစ်လျှောက် အလွန်စစ်ဆေး စိစစ်ရန် အမိန့် ညွှန်ကြားချက် များ ထွက်ရှိခဲ့သည်။

အခြားသော တစ်ဖက်တွင်လည်း စစ်အာဏာရှင်ကို တော်လှန်နေသော နာမည် ကျော် မျိုးဆက်သစ် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များသာမက စစ်ကောင်စီနှင့်အတူ ငြိမ်းချမ်းရေး ဆွေးနွေးနေသော KNU/KNLA Peace Councilဗျူဟာ(၂)မှဗျူဟာမှူးဗိုလ်လက်ကိုင်၊ KNU/KNLA Peace Council ဗျူဟာမှူး စောဘလို့၊ KNU/KNLA Peace Council တပ်ရင်းမှူး ဗိုလ်ကျော်ဂ လော တို့ကလည်း စစ်အာဏာရှင် အမြစ်ဖြတ်ရေး တွင် ပါဝင်လာကြခြင်းက စစ်ကောင်စီကို ပို၍ စိုးရိမ်သွားစေခဲ့သည်။

BGF တာတို့ဝါးစစ်ကြောင်း တပ်နယ်(၃) တပ်ရင်းမှူး ဗိုလ်ထူးအယ်မှူး ၊KNU/KNLA Peace Council(၇၇၇) ဒုတပ်ရင်းမှူး ဗိုလ်ဖားအဲ့၊ KNDO တပ်ရင်းမှူး ဗိုလ်မောင်ချစ်၊ KNU တပ်ရင်း(၁၀၁)တပ်ရင်းမှူး ဗိုလ်ဖိုးဒူ၊ KNU တပ်ရင်း ၁၉ တပ်ရင်းမှူး ဗိုလ်ချာနား ၊ Lion Battalion Commando-ဗျူဟာ စစ်ကြောင်း စစ်ကြောင်းမှူး ဗိုလ်စောလား၊နဂါးဖြူစစ်ကြောင်းမှူး ဗိုလ်က လယ်န၊ NUGတောင်ပိုင်းတိုင်း တပ်မဟာမှူး ဗိုလ်စောရှားဖောင်၊ KNU (၁၀၁)တပ်ခွဲမှူး ဗိုလ်မောင်မြင့်၊KNU/KNLA Peace Council (၇၀၈)တပ်ခွဲမှူး ဗိုလ်စောအယ်ကလိုထူး တို့တက်ရောက်ခဲ့ကြသည်။

လူထုကို လက်နက်အားကိုး အကြမ်းဖက်သတ်ဖြတ် နေသည့် မင်းအောင်လှိုင် နှင့် အကြမ်းဖက်စစ်တပ်ကို အမြစ် ဖြတ် သုတ်သင်ချေမှုန်းမည့် ဦးတည်ချက်တူ တော်လှန်ရေးတစ်ရပ်ဆင်နွဲနိုင်ရန် ခေါင်းဆောင်အသီးသီးက ဘုံသဘောထား တူညီစွာ ပြည်သူအားလုံးကို သက်သေတည်ကာ သစ္စာရေသောက်ကတိကဝတ် ပြုခဲ့ကြခြင်း ဟု အတိအလင်း ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီကို နိုင်ရာနေရာ ရရာနည်းလမ်းဖြင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်နည်းလမ်းဖြင့် ဖြစ်စေ သွေးစည်းညီညွတ်စွာ ပူးပေါင်းပါဝင်ပေးကြရန် ကော်သူးလေ လက်နက်ကိုင်ခေါင်းဆောင်တွေက တိုက်တွန်းထားကြသည်။

“အစည်းအဝေး ဆုံးဖြတ်ချက်ရယ်လို့ တရားဝင် ထုတ်ပြန်တာမျိုးမရှိဘူး။ ပြော နိုင် တာက တော်လှန်ရေး အချိုးအကွေ့ တစ်ခုကို ကျနော်တို့ မြင်လိုက် ရတယ်။ ကောင်းသော စုစည်းမှုလို့ မြင်ရတယ်။ အခုက တပ်တွေက အကုန်လုံး ဖြန့် ကျက် နေရာယူထားကြပြီလေ။ ရတခ ဖင်ကျိန်းမယ်ဆိုရင် လည်း ကျိန်းစရာပဲ။ တောထဲမှာ နေရင် သူပုန် လို့ ခေါ်ပြီး စစ်တပ်က ကျနော်တို့ကို တစ်ချိန်လုံး မထိလေးစား လုပ်နေမှာ။ ကိုယ်လိုချင်တဲ့ စနစ်နဲ့ တိုင်းပြည်ကို တည်ဆောက် ချင် ရင် မြို့ပြကို တက်ရမယ်။ စစ်ရုံးချုပ်တွေကိုတော့ ဝင်ဆော်ရတော့မှာပဲ။ ပြောနိုင်တာက ပြည်သူလူထုကသာ လိုအပ်ချက်တွေကို နောက်က ထောက်ပို့ ပေး။ ကျနော်တို့က အသက်ပေးဖို့ အသင့်ပဲ” ဟု တောင်ပိုင်းတိုင်းအတွင်းရှိ တော်လှန်ရေး စစ်ကြောင်း တာဝန်ခံ လူငယ် ရဲဘော်က ဆိုသည်။

ထို့ပြင် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ရေးဘီလူးအဖွဲ့က ဗိုလ်အယ်ဆေးဝါး၊ ဗိုလ်ဒါဘော တို့နှင့် ပူးပေါင်းဆောင်ရွက်မှုရှိနေသဖြင့် စစ်တပ်က အလွန်စိုးရိမ် နေသည်ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article