အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဧပြီ ၆
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၆ ရရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “တိုးတိုးလေး ငိုနေသူတွေများတဲ့နိုင်ငံမှာ တိတ်တိတ်ကလေးနေပေးကြပါ။ ဖြစ်နိုင်ရင် ငိုနေသူတွေနဲ့ အတူရပ်တည်ပြီး ပါဝင်တော်လှန်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်” စာတန်းများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။