31 C
Yangon

ကရင်ပြည်နယ်၊ ရွှေက္ကိုလ်ဒေသရှိ စစ်တပ်နှင့် BGF စခန်းကုန်း ၅ ခုကို တိုက် ခိုက်သိမ်းပိုက်မှု BGF တပ်ဘက်မှ ၈၅ ဦးသေဆုံးပြီး လက်နက် ၇၅ လက်ရရှိ

Must read

ကရင်ပြည်နယ်၊ ရွှေက္ကိုလ်ဒေသရှိ စစ်တပ်နှင့် BGF စခန်းကုန်း ၅ ခုကို တိုက် ခိုက်သိမ်းပိုက်မှု BGF တပ်ဘက်မှ ၈၅ ဦးသေဆုံးပြီး လက်နက် ၇၅ လက်ရရှိ

■ BGF တပ်သည် စစ်တပ်လက်အောက်ခံဖြစ်ပြီး မူးယစ်ဆေးဝါး၊ လောင်း ကစားနှင့် ဒုစရိုက်လုပ်ငန်းများ လုပ်ကိုင်နေ

ရန်ကုန်၊ ဧပြီ ၆

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်ဒေသရှိ စစ်တပ်နှင့် BGF စခန်းကုန်း ၅ ခုကို ဗိုလ်အယ်ဆေးဝါးဦးဆောင်သော Lion Battalion ဗျုဟာစစ်ကြောင်း နှင့် တော်လှန် ရေး မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်တပ်နှင့် BGF တပ်ဘက်မှ ၈၅ ဦးသေဆုံးပြီး လက်နက် ၇၅ လက်ရရှိကြောင်း Lion Battalion ဗျုဟာစစ်ကြောင်းမှ တာဝန်ခံ ရဲဘော်တစ်ဦးဖြစ်သူ အညာသားက ပြော ဆိုသည်။

ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ရွှေကုက္ကိုလ်ဒေသရှိ ဒုစရိုက်လုပ်ငန်းများ၊ မာဖီယား ဂိုဏ်းများနှင့်မူယစ်ဆေးဝါးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော အကြမ်းဖက်​စစ်တပ်လက်အောက်ခံ BGF ထိန်းချုပ်ထားသည့် ရွှေကုက္ကိုလ် ဒေသ၊ ထီးဝါးပလော၊ ထီးကော်ထောကျေးရွာများ အတွင်းတပ်စွဲ နေရာယူ ထား သော စစ်တပ်၊ BGF စခန်းများကို ဗိုလ်အယ်ဆေးဝါးဦး ဆောင် သော Lion Battalion ဗျုဟာစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များက ဗျုဟာ မြောက် ဝင်ရောက်စီးနင်းတိုက်ခိုက်ကြောင်း၊ အကြမ်းဖက် စစ်တပ် နှင့်BGF တပ် များ ၏ စခန်းကုန်း ၅ ကုန်းကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်တပ်နှင့် BGF ဘက်မှ သေဆုံးသူ ၈၅ ဦးရှိကြောင်း၊ ဒဏ်ရာရရှိသူ ၆၀ ကျော်ရှိကာ လက်နက် ၇၅ လက် သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

လက်ရှိအချိန်အထိ ရွှေက္ကိုလ်ဒေသကို ဆက်လက် ထိုးဖောက် တိုက်ခိုက် လျက် ရှိပြီး အသေးစိတ်ကို ထပ်မံ ထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

(ဗီဒီယို အသေးစိတ်ကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် တင်ပြပါမည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article