26 C
Yangon

မြင်းခြံနှင့် မြိုင်တွင် စစ်ကားနှင့် လှည့်ကင်းရန် ထွက်လာသည့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ၅ ဦးသေဆုံး

Must read

မြင်းခြံနှင့် မြိုင်တွင် စစ်ကားနှင့် လှည့်ကင်းရန် ထွက်လာသည့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ၅ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၇

မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်မှ ထွက်လာသည့် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးကြောင်း Natogyi Regional Defence force NRDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မြင်းခြံမြို့မှ ထွက်လာသည့် စစ်ကား ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များက မြင်းခြံမြို့ အရှေ့ဘက် တစ်နေရာ အရောက်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“မိုင်းဆွဲ တိုက်ခိုက်တာ စစ်ခွေး ၄ ကောင် ပွဲချင်းပြီး သေတယ်။ ၄ ကောင်က ပြင်းထန် ဒဏ်ရာရတယ်။ စစ်ခွေးတွေက စက်လက်ကားကို တပ်ကူခေါ်ပြီး မိုင်းခွဲခံရတဲ့ အနီးအနား တစ်ဝိုက် ရမ်းသမ်း ပစ်ခတ်လို့ နွား ၄ ကောင် သေဆုံးတယ်။ အပြစ်မဲ့ နွား ကျောင်းသား တွေနဲ့ အလုပ်သမား တွေကို လူသားဒိုင်းအဖြစ် စစ်ခွေးစခန်းကို ဖမ်းခေါ်သွားတယ်လို့ သိရတယ်” ဟု Natogyi Regional Defence force NRDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ရွာ ပျူစောထီးစခန်းမှ ကင်းလှည့်ရန်ထွက်လာသော အကြမ်းဖက် စစ်သား ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ တပ်ကြပ်တစ်ဦးသေဆုံးခဲ့ ကြောင်း မြိုင်ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၇ ရက် နံနက် ၉ နာရီခန့်က သရက်ကန်ရွာတောင်ဘက်သို့ ကင်းလှည့်ရန်ထွက်ခွာလာ သော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ခွဲများဖြစ်သော TYK တပ်ဖွဲ့၊ မုန်တိုင်းတပ်ဖွဲ့နှင့် ပြည်သူ့အားမန်တပ်ဖွဲ့တို့ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား တပ်ကြပ်တစ်ဦးသေဆုံးကာ ပျူစောထီးတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article