28 C
Yangon

ဟုမ္မလင်းမြို့ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြသပိတ်ခေါင်းဆောင် ကို ကျော် ဝင်း စိန် အပါအဝင် ပြည်သူ ၉ ဦးကို စစ်ကောင်စီက နှစ်ရှည် ထောင် ဒဏ်များ ချမှတ်

Must read

ဟုမ္မလင်းမြို့ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြသပိတ်ခေါင်းဆောင် ကို ကျော် ဝင်း စိန် အပါအဝင် ပြည်သူ ၉ ဦးကို စစ်ကောင်စီက နှစ်ရှည် ထောင် ဒဏ်များ ချမှတ်

ရန်ကုန်၊ ဧပြီ ၈

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှ စစ်အာဏာရှင် ပြုတ်ကျရေး ဆန္ဒပြသပိတ် ခေါင်း ဆောင် ကိုကျော်ဝင်းစိန် အပါအဝင် ပြည်သူ ၉ ဦးကို စစ်ကောင်စီက နှစ်ရည် ထောင် ဒဏ်များ ချမှတ်လိုက်ကြောင်း သိရှိရသည်။

ဧပြီ ၇ ရက်နေ့ ဟုမ္မလင်းမြို့နယ်တရားရုံးက ဆန္ဒပြသပိတ်ခေါင်းဆောင် ကိုကျော်ဝင်း စိန် အပါအဝင် နိုင်ငံရေးအကျဥ်းသား ၉ ဦးကို အမိန့်ချရာ

ကိုကျော်ဝင်းစိန်ကို ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ် ၁နှစ်နှင့်၆လ ပုဒ်မ ၅၀ ည(က) ဖြင့် ထောင် ဒဏ် ၁၀နှစ် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ်နှင့် ၆ လ ၊ ကိုစိုင်းဝေ ယံကို ထောင်ဒဏ် ၁၃နှစ်၊ အမေ့အိမ်စာသင်ကျောင်းမှ ကိုသက်ထွန်းဦးကို ထောင်ဒဏ် ၁၀နှစ်၊ ကိုအောင်ဟိန်း(ပင်လုံသစ်စက်)ကိုထောင် ဒဏ် ၁၀နှစ်၊ နတ်နန်းမှ ကိုနေနော်ကို ထောင်ဒဏ် ၅ နှစ်၊ ကိုအောင်ကိုမင်းကို ထောင်ဒဏ် ၁၀နှစ်၊ ဒေါ်နွဲနွဲ့အောင်ကို ထောင်ဒဏ် ၁၀နှစ်၊ ကိုဖြိုးသက်တင်ကို ထောင်ဒဏ် ၅ နှစ်၊ ကိုအောင်မြင့်ဦးကို ထောင်ဒဏ် ၃ နှစ် အသီးသီးချမှတ်လိုက်ကြောင်း သိရှိရသည်။

“သူတို့ကို ခန္တီးထောင်ပို့မယ်လို့ သိရပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ ဟုမ္မလင်းမြို့ စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒ ပြသပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန်ကို စစ်တပ်က မန္တလေးမြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ကိုကျော်ဝင်းစိန်သည် မန္တလေးမြို့ ဆေးခန်း တစ်ခု တွင် ဆေးကုသရန်စောင့်ဆိုင်းနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ၊ ကိုကျော်ဝင်းစိန်သည် မည်သည့်ပြစ်မှုမှ ကျူး လွန်ခဲ့ခြင်းမရှိဘဲ ပြည်သူတို့၏ ဆန္ဒအရ သပိတ်ခေါင်းဆောင်ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မတရားဖမ်းဆီးခြင်းကို ခံလိုက်ရသည့် ကိုကျော် ဝင်း စိန်ကို ၂၀၂၂ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် မန္တလေးလေဆိပ်မှတစ်ဆင့် ဟုမ္မလင်းမြို့ စစ်ကြောရေးတစ်ခုသို့ ပို့ဆောင်ခဲ့ရာမှ ၂၀၂၃ ခုနှစ် ဧပြီလတွင် ထောင်ဒဏ်များ ချမှတ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ ဟုမ္မလင်းမြို့ နောင်ပကျစ် ရပ် ကွက်တွင် နေထိုင်သည့် ကိုကျော်ဝင်းစိန်၏ မရီးဖြစ်သူ စစ်အာဏာ ရှင် ဖီဆန်ရေး CDM ကျောင်းဆရာမဖြစ်တဲ့ မမေနှင်းအေးကို အမည်မသိ လက် နက် ကိုင်သေနတ်သမားသုံးဉီးက သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ရသည်။

Photo- ဟုမ္မလင်းမြို့ ဆန္ဒပြသပိတ်ခေါင်းဆောင် ကိုကျော်ဝင်းစိန်ကို တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article