မြိုင်တောင်ပိုင်းရှိ ကျေးရွာ ၂ ရွာမှ နေအိမ် ၅၀ နီးပါးကို စစ်တပ်က မီးရှို့ပြီး စိတ်ရောဂါခံစားနေရသူ အမျိုးသား တစ်ဦးကို စစ်တပ်က ပစ်သတ်
ရန်ကုန်၊ ဧပြီ ၁၀
မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းရှိ ညောင်အုပ်ကျေးရွာနှင့် အိုင်းမ(အနောက်)ရွာမှ နေအိမ် ၅၀ နီးပါးကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီး စိတ်ရောဂါခံစားနေရသူ အမျိုး သားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း Pakokku People’a Media မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၉ ရက်နေ့ ညပိုင်းက မြိုင်မြို့နယ်၊ ညောင်ရွာ ပကဖ စခန်းကို ရဟတ်ယာဉ် ၃ စီးဖြင့် ဝင်ရောက်စီးနင်းပြီး ခြေလျင်ထွက်လာသော အကြမ်း ဖက်စစ်သား ၇၀ ဝန်းကျင်ခန့်ရှိ စစ်ကြောင်းသည် မြိုင်မြို့နယ်၊ အရှေ့တောင်ပိုင်းရှိ ညောင် အုပ်ကျေးရွာကို ဝင်ရောက်ပြီး နေအိမ် ၂၉ လုံးကို မီးရှို့ကာ တဲကြီးယာကျေးရွာမှ စိတ်မနှံ့သူ အသက် ၃၇ နှစ်အရွယ်အမျိုး သားတစ်ဦးကို ညောင်အုပ်ရွာ၌ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
“ဧပြီလ ၆ ရက် ညနေ ၃ နာရီလောက်က နမခကနေ လေယာဉ် ၃ စီးတက်လာပြီး ညောင်ရွာကို ဝင်စီး တဲ့စစ်ခွေးတွေပါ၊ အိုင်းမရွာကိုလဲ အဲဒီခွေးတွေပဲ မီးရှို့သွားတာ၊ စိတ်မနှံ့တဲ့ စစ်ထွက်တစ်သောက် အသတ်ခံရတယ်၊ အခု ပခုက္ကူနားက အင်ပင်ရွာကို ရောက်နေတယ်” ဟု Pakokku People’a Media မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယင်းအကြမ်းဖက်စစ်ကြောင်းသည် ဧပြီလ ၈ ရက်နေ့က မြိုင်မြို့နယ်တောင်ပိုင်း၊ အိုင်းမ(အနောက်ရွာ) ကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၈ လုံးမီးလောင်ပြာကျခဲ့ကြောင်း နွေဦးတော်လှန် ရေး- မြိုင်မြို့ထံမှ သိရသည်။


