30.5 C
Yangon

မြောင်နှင့် တန့်ဆည်တွင် အကြမ်းဖက်စစ်သား ပျူစောထီးများ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

Must read

မြောင်နှင့် တန့်ဆည်တွင် အကြမ်းဖက်စစ်သား ပျူစောထီးများ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၀

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှ ထွက်လာသော အကြမ်းဖက်စစ်သားများကို Mytel အမြောက်လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ဒဏ်ရာရရှိပြီး ၂ ဦးသေ ဆုံးသွားကြောင်း ဗိုလ်နေတိုး (BNT) ပြောက်ကျားအထူးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နေတိုးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ဧပြီလ ၇ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်က ကျောက်ရစ်စခန်းမှ သရက်သာကျေးရွာဘက်သို့ အင်အား ၆၀ ခန့်ဖြင့်ထွက်လာသော အကြမ်းဖက်စစ်သားများကို Mytel မမ ရှေ့ထွက်ပြောင်းမိုင်း ၂ လုံးဖြင့် ချောင်း မြောင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးအပြင်းအထန်ဒဏ်ရာ ရရှိပြီး ယမန်နေ့ ဧပြီလ ၉ ရက် နေ့က အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးသေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“သရက်သာရွာဘက်ကို ဦးတည်ပြီးရှေ့ပြေးကင်းထွက်တာ၊ Mytel မမ ရှေ့ထွက်ပြောင်းမိုင်း ၂ လုံး ချောင်းဆွဲပြီး တိုက်ခိုက်ခဲ့တာ၊ မိုင်းမိပြီးတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လျှောက်ပစ်ပြီး ကျောက်ရစ်စခခန်းထဲပြန်ဝင်သွားတယ်၊ ပြီးတော့ ဒဏ်ရာရ စစ်ခွေးတွေကို ထားပြီး မယ်မသော်ရွာ ဘက်ကို ပြန်ထွက်သွားတယ်၊” ဟု ဗိုလ်နေတိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ဗိုလ်နေတိုး(BNT) ပြောက်ကျားအထူးတပ်ဖွဲ့၊ ဗိုလ်တောက်ထွန်း (MBTT) ၊ စစ် ကိုင်းခရိုင် တပ်ရင်း ၆ ၊ တပ်ခွဲ ၃ ၊ နတ်စစ်သည်တော်များအဖွဲ့၊ Blood Brother တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ တန့်ဆည်မြို့လမ်းဆုံအနီးတွင် ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ ရာ ပျူစောထီးတစ်ဦး ပွဲချင်ပြီး သေဆုံးခဲ့ကြောင်း Guerilla Warfare-KPK တပ်ဖွဲ့ထံမှ သိရ သည်။

ယမန်နေ့ ဧပြီလ ၉ ရက် နံနက် ၉ နာရီခွဲခန့်က ဆင်ငယ်ကျေးရွာမှ တန့်ဆည်မြို့လမ်းဆုံဘက်သို့ ကူး လာသော ပျူစောထီးများသည် Guerrilla Warfare- K.P.K၊ TSR၊ MDF-Taze Tiger၊ PLA၊ မြောက်ပိုင်း တိုက်နယ်ပကဖ နှင့် အံ့ဘွားစွန်ရဲအဖွဲ့တို့မှ အသင့်တပ်ဆင်ထားသောမိုင်းများကို တွေ့ရှိပြီး လာရောက် ဖြုတ်သိမ်းစဉ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦး ပွဲချင်းပြီး သေဆုံးကာ မိုးကာစနှင့်လိပ်ပြီး သယ်ဆောင်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article