မင်းတပ်မြို့နယ်၊ တိုက်နယ် ၁ ကို စစ်တပ်က ယနေ့ ညပိုင်းတွင် ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်
ရန်ကုန်၊ ဧပြီ ၁၁
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁ ကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Chin Deffence Force- Mindat မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၁၁ ရက်နေ့ ည ၇ နာရီ ၄၇ မိနစ်တွင် အကြမ်းဖက် စစ်တပ်က မင်းတပ်မြို့နယ်၊ တိုက်နယ် ၁ ရှိ ကျေးရွာ တစ်ရွာ အနီးကို ဂျက်ဖိုက်တာဖြင့် ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“မြေပြင် တိုက်ပွဲမရှိဘဲ ဗုံးကျဲတာ အကြမ်းဖက် စစ်ကောင်စီက အခုည ၇ နာရီ ၄၇ မိနစ်မှာ မင်းတပ်မြို့နယ်ထဲက တိုက်နယ် ၁ မှာရှိတဲ့ ကျေးရွာ တစ်ရွာ အနီးကို ဂျက်ဖိုက်တာနဲ့ ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်တယ်။ ထိခိုက်ဒဏ်ရာ ကျဆုံးမရှိဘူးလို့တော့ ကနဦး သိထားရတယ်။ အတည်တော့ မပြုနိုင်သေးဘူး” ဟု Chin Deffence Force- Mindat မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
