32 C
Yangon

လောင်းလုံးတွင် စစ်တပ်နှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါးဒိုင် လုပ်ဆောင်သည့် လက်နက်ကိုင် စစ်မှုထမ်းဟောင်း တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

လောင်းလုံးတွင် စစ်တပ်နှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါးဒိုင် လုပ်ဆောင်သည့် လက်နက်ကိုင် စစ်မှုထမ်းဟောင်း တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်တပ်နှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါးဒိုင် လုပ်ဆောင်သည့် လက်နက်ကိုင် စစ်မှုထမ်းဟောင်း တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့​ကြောင်း LLPDF တပ်ဖွဲ့ထံမှ သိရသည်။

ဧပြီလ ၁၁ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် လောင်းလုံးမြို့နယ်၊ စစ်ပြဲကျေးရွာတွင် နေထိုင်သည့် စစ်ကောင်စီနှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါးဒိုင် လုပ်ကိုင်နေသည့် လက်နက်ကိုင် စစ်မှုထမ်းဟောင်း မျိုးမောင် ကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – LLPDF မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့​ကြောင်း သိရသည်။

သေဆုံးသွားသော မျိုးမောင်ထံမှ ဘော်ကာ အရှည် ၁ လက်၊ ပွိုင့် 22 ခေါက်ချိုးအတို ၂ လက်၊ ဂစ်သေနတ် ၁ လက် ၊ ဘော်ကာကျည် ၃ တောင့် ၊ ပွိုင့် 22 ကျည် ၁၇ တောင့်၊ ဓား ၂ လက် ၊ WY ဆေးပြား ၂၃၂ ပြား၊ Ice မူးယစ်ဆေး ထုတ်သေး ၁ ထုတ် ၊ လေးခွ ၁ ခု ၊ မှတ်ပုံတင်၊ ယဉ်မောင်းလှိုင်စင်၊ ဖုန်း ၃ လုံး၊ ပိုက်ဆံ ၂၄၅၀၅၀ ကျပ် ၊ ဆေးလိပ် ၂ ဗူး နှင့် မူးယစ် ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိ​ခဲ့ကြောင်း သိရသည်။

စစ်မှုထမ်းဟောင်း မျိုးမောင်သည် လက်ရှိချိန်တွင် စစ်ကောင်စီနှင့် အကျိုးတူ မူးယစ်ဆေးဝါးများရောင်းချခြင်း၊ ကျေးရွာအတွင်း၌လည်း ရံဖန်ရံခါ သေနတ်ပစ်ဖောက် ခြင်းများပြုလုပ်ပြီး စစ်ကောင်စီနှင့် အမြဲတွေ့ဆုံနေသူတစ်ဦးလည်းဖြစ်ကြောင်း LLPDF တပ်ဖွဲ့ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article