ဖားကန့်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဧပြီ ၁၂
ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဧပြီ ၁၂ ရက်နေ့က ဖားကန့်ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် နှင့် KIA, PDF, NUG ထောက်ခံပွဲပြုလုပ်ခဲ့ကြသည်။
ဆန္ဒပြပြည်သူများက “တော်လှန်သင်္ကြန် ပြည်သူ့အသံ”၊”သွေးစွန်း သင်္ကြန်ကို ပြည်သူအားလုံး သပိတ်မှောက်ကြ KIA PDF တိုက်ပွဲတိုင်းမာနိုင်ပါစေ” ၊ “NUG အစိုးရ ဒို့အစိုးရ” ၊ “တရားမဝင်ရွေးကောက်ပွဲ လူထုအားဖြင့် တိုက်ဖြတ်ကြ” ၊ “လူထုသစ္စာဖောက် နိုင်ငံရေးပါတီများ အလိုမရှိ” ၊ “လူထုတိုက်ပွဲ အရှိန်မြှင့်ကြ ဘုံရန်သူကို ချေမှုန်းကြ”၊ “ဖက်ဆစ်စစ်တပ် လုံးဝအုပ်ချုပ်ခွင့်မရစေရ” စသည့်ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ခဲ့ကြသည်။