30 C
Yangon

ဟားခါးမြို့နယ်ရှိ ကြံ့ဖွတ်ပါတီ ရုံးနှင့် ပိုင်ဆိုင်မှု အားလုံးကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းကြောင်း CDF ထုတ်ပြန်

Must read

ဟားခါးမြို့နယ်ရှိ ကြံ့ဖွတ်ပါတီ ရုံးနှင့် ပိုင်ဆိုင်မှု အားလုံးကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းကြောင်း CDF ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၁၂

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ ကြံ့ဖွတ်ပါတီ ရုံးနှင့် ပိုင်ဆိုင်မှု အားလုံးကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းကြောင်း Chinland Defense Force – Hakha Council က ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ဧပြီလ ၁၂ ရက်နေ့က စတင်ကာ ဟားခါးမြို့နယ် အတွင်းရှိ ကြံ့ဖွတ်ပါတီ ရုံးနှင့် ပိုင်ဆိုင်မှု အားလုံးကို ပြည်သူပိုင်အဖြစ် သိမ်းဆည်း သွားမည်ဖြစ်​ကြောင်း သိရသည်။

ကြံ့ဖွတ်ပါတီသည် အာဏာသိမ်း စစ်ကောင်စီထံ မှတ်ပုံတင်သွင်းကာ အာဏာရူး ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် ဟားခါးမြို့နယ် အတွင်းရှိပါတီ ရုံးနှင့် အခြားသော ပိုင်ဆိုင်မှုအားလုံးကို ယနေ့မှစ၍ ပြည်သူပိုင် အဖြစ်သိမ်းဆည်းကြောင်း၊ တော်လှန်ရေးကာလအတွင်း ပြည်သူလူထုကိုယ်စား CDF-Hakha Council က လိုအပ်သလို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article