ကန့်ဘလူတွင် အရပ်သား ဒါဇင်ချီ သေဆုံးစေခဲ့သော မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကို အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားက ပြင်းပြင်းထန်ထန်ရှုတ်ချ
ရန်ကုန်၊ ဧပြီ ၁၃
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် အရပ်သားပြည်သူ ဒါဇင်နှင့်ချီ သေဆုံးစေခဲ့ သော မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက် မှုကို အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားက ပြင်းပြင်းထန် ထန်ရှုတ်ချလိုက်ကြောင်း ကြေညာချက်တစ်ရပ်ထုတ်ပြန်သည်။
အာဆီယံဥက္ကဋ္ဌ ၏ ကြေညာချက်တွင် အထူးသဖြင့် အရပ်သားများအပေါ် အင်အားသုံး၍ အကြမ်း ဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်ပစ်ရမည်ဖြစ်ပြီး မြန်မာ နိုင်ငံတွင် ရေရှည် တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းသောအဖြေကိုရှာဖွေရန် အားလုံးပါဝင်နိုင်သော ဆွေးနွေးပွဲမှ တစ်ဆင့် တွေ့ဆုံ ဆွေး နွေး အဖြေရှာရမည်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းအတွက် တာရှည် ခံ ပြီး အလုပ်ဖြစ်နိုင်သော အဖြေကိုရှာဖွေရန် အာဆီယံ ဆက်လက် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဆိုသည်။
အာဆီယံက ချမှတ်ထားသော ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် စစ်ကောင် စီ က ပျက်ကွယ်လျက်ရှိသော်လည်း အာဆီယံသည် ကြေညာချက် ထုတ်ခြင်းဖြင့်သာ အချိန်ကုန် ဆုံးလျက် ရှိကြောင်း ပြည်တွင်းပြည်ပ မြန်မာ့အရေးလေ့လာသူများက ဝေဖန်သုံးသပ်ကြသည်။