25 C
Yangon

စစ်တပ်၏​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ပြည်သူ ၁၆၀ ​ကျော် ​သေဆုံးခဲ့ရ​​သော ပဇီကြီးရွာ အုပ်ချုပ်ရေးရုံးဖွင့်ပွဲက လျှို့ဝှက် စစ်ရေးအစည်းအဝေး မဟုတ်ဟု ကာကွယ်ရေးဝန်ကြီးပြော

Must read

စစ်တပ်၏​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် ပြည်သူ ၁၆၀ ​ကျော် ​သေဆုံးခဲ့ရ​​သော ပဇီကြီးရွာ အုပ်ချုပ်ရေးရုံးဖွင့်ပွဲက လျှို့ဝှက် စစ်ရေးအစည်းအဝေး မဟုတ်ဟု ကာကွယ်ရေးဝန်ကြီးပြော

ရန်ကုန်၊ ဧပြီ ၁၃

အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ပဇီကြီးရွာ အုပ်ချုပ်ရေးရုံးဖွင့်ပွဲဟာ လျှို့ဝှက် စစ်ရေးအစည်းအဝေးမဟုတ်ဘဲ ရပ်သိရွာသိပြုလုပ်ခဲ့တဲ့ အစီအစဉ်သာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်သည်တွေအတွက် ဧပြီလ ၁၃ရက် ညပိုင်း မိန့်ခွန်းပြောရာမှာအ ခုလိုပြောဆိုခဲ့တာပါ။

ကန့်ဘလူနယ် ပဇီကြီးရွာဟာလည်း စစ်တပ်က အာဏာလုယူတာကို လက်မခံဘဲ စစ်ကောင်စီ အုပ်ချုပ်ရေးကို လူထုအားနဲ့ ဖြိုဖျက်ပြီး အုပ်ချုပ်ရေး၊ လုံခြုံရေးကို ကိုယ့်ဘာသာစီမံနေတာဖြစ်လို့ စစ်ကောင်စီအုပ်ချုပ်ရေး၊ လုံခြုံရေးအထိုင်စခန်း လုံးဝမရှိဘူးလို့ နယ်မြေအခြေအနေကို ရှင်းပြပါတယ်။

မီးရှို့ အကြမ်းဖက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေ ဝင်မလာနိုင်တာ ကြာပြီဖြစ်လို့ တည်ငြိမ်တဲ့ဒေသလို့ ဆိုနိုင်ပြီး ရွာထဲမှာ ခေတ်အဆက်ဆက် ရှိခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို မြေကွက်လပ်ရှိရာ ရွာစွန် ရွှေ့ဆောက်ပြီး ကျွေးမွေးဧည့်ခံပွဲကျင်းပတာသာဖြစ်တယ်လို့ ရှင်းလင်းပါတယ်။

“စစ်ကောင်စီအနေနဲ့ ဒါဟာ ရွာတစ်ရွာ ဖြစ်တယ်။ စစ်စခန်းတစ်ခု မဟုတ်ဘူး။ စစ်ရေးပစ်မှတ် မဟုတ်ဘူးဆိုတာ သိသိနဲ့ စစ်တပ်အုပ်စိုးမှုကို လက်မခံတဲ့ ရွာတစ်ရွာအပေါ် အငြှိုးတကြီးနဲ့ ရည်ရွယ်ချက် ရှိရှိ ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်ခဲ့တာပဲ ဖြစ်တယ်။” လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုကို ပြောင်ကျကျကျုးလွန်ခဲ့တာဖြစ်ပြီး မြေပြင်အင်အားချင်းမယှဉ်နိုင်၊ မတိုက်နိုင်တော့လို့ သူရဲဘောကြောင်၊ လူမဆန်စွာ အရပ်သားပစ်မှတ်တွေကို လက်ရဲဇက်ရဲ ဗုံးကျဲတိုက်ခိုက်နေတာလို့လည်း ပြောဆိုပါတယ်။

တော်လှန်ရေးရဲဘော်တွေအနေနဲ့ လူထုကို ကာကွယ်စောင့်ရှောက်ရမယ့်တာဝန် ပိုပြီး ကြီးလေးလာပြီလို့ ပြောဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကင်းဝေးအောင် စီမံကြဖို့နဲ့ ပတ်ဝန်းကျင်က လူထုအတွက်လည်း အသိပညာပေးပြီး ကြိုတင်ကာကွယ်ရေး အစီအစဉ်တွေလုပ်ဆောင်ဖို့ PDF၊ ပကဖ၊ ပအဖ တာဝန်ရှိသူ အားလုံး မြို့နယ်၊ ခရိုင်အလိုက် ညှိနှိုင်းပြင်ဆင်မှုတွေ ရှိကြဖို့ ကာကွယ်ရေးဝန်ကြီးက ပြောဆိုပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article