26 C
Yangon

ကန့်ဘလူတွင် ပြည်သူများကို စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်သတ်ဖြတ်မှု KIO က ပြင်းထန်စွာ ရှုတ်ချ

Must read

ကန့်ဘလူတွင် ပြည်သူများကို စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်သတ်ဖြတ်မှု KIO က ပြင်းထန်စွာ ရှုတ်ချ

ရန်ကုန်၊ ဧပြီ ၁၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကလေးငယ်များအပါအဝင် ပြည်သူ ၁၀၀ ကျော်ကို စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်သတ်ဖြတ်မှုကို ပြင်းထန်စွာ ရှုတ် ချကြောင်း KIO က ပြင်းထန်စွာရှုတ်ချကြောင်း ယနေ့ ကြေညာချက် ထုတ်ပြန်သည်။

KIO ထုတ်ပြန်ချက်တွင် အချက် ၅ ချက် ဖော်ပြထားပြီး ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သော ကန့်ဘလူမြို့နယ်၊ ပဇီးကြီးကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း ၊ Mi 35 ရဟတ် ယာဉ်ဖြင့် တိုက်ခိုက်ခြင်း ပြုလုပ်ခဲ့ရာ ကလေးငယ်များ အပါအဝင် အပြစ်မဲ့ ရွာ သူ ရွာသားများ တစ်ရာကျော် အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရပြီး ပြည်သူ အများ အပြား ထိခိုက်ဒဏ်ရာရရှိကြောင်း အစချီ ဖော်ပြထားသည်။

စစ်ကောင်စီက ပြည်သူလူထုများအပေါ် ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ သေဆုံးခဲ့ရသော ရွာသူရွာသားများ၏ မိသားစုဝင်များ၊ မိတ်ဆွေ များ နှင့် ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့် ပြည်သူကို အကာအကွယ်ပြုမည့်အစား ရန်သူသဖွယ် အရပ်ဘက် စစ်ဘက် မခွဲခြားဘဲ အကြောင်းအမျိုးမျိုးပြကာ စစ်ရေး ပစ်မှတ် မဟုတ်သော ပြည်သူလူထုများ နေထိုင်သည့် ရပ်ရွာများကို လူမဆန်စွာ လေ ကြောင်း ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်ခြင်းသည် အလွန်စက်ဆုတ် ရွံ့ရှာ ဖွယ် ကောင်း သော သူရဲဘော ကြောင်သည့် လုပ်ရပ် ဖြစ်ကြောင်း၊ ထိုလုပ်ရပ်ကို KIO အနေဖြင့် ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြသည်။

အမှန်တရားဘက်မှ ရပ်တည်ပြီး တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စတေး ခဲ့ကြသည့် ပုဂ္ဂိုလ်များကို လေးစားဂုဏ်ပြုကြောင်း၊ ပြည်သူလူထုများကို မတရား အနိုင်ကျင့် ခြိမ်းခြောက်ရက်စက်မှု နည်းလမ်းပေါင်းစု ကျင့်သုံးပြီး အုပ်ချုပ် နေသည့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်မှသာ မတရားအနိုင်ကျင့်မှု ၊ ခြိမ်းခြောက် အနိုင်ကျင့်မှု စသည့် စနစ်ဆိုးမှ လွတ်မြောက်လာနိုင်မည်ဟု ယုံကြည်ကြောင်း KIO က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article