23.1 C
Yangon

ဆိုးလ်မြို့ မြန်မာစစ်သံရုံးရှေ့တွင် ပဇီကြီးရွာ လုပ်ကြံ သတ်ဖြတ်မှုအား ကန့်ကွက် ရှုတ်ချကြောင်း ချီတက် ဆန္ဒပြ

Must read

ဆိုးလ်မြို့ မြန်မာစစ်သံရုံးရှေ့တွင် ပဇီကြီးရွာ လုပ်ကြံ သတ်ဖြတ်မှုအား ကန့်ကွက် ရှုတ်ချကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၁၆

တောင်ကိုရီယား နိုင်ငံ ဆိုးလ်မြို့ မြန်မာ စစ်သံရုံးရှေ့တွင် ပဇီကြီးရွာ လုပ်ကြံသတ်ဖြတ်မှုအား ကန့်ကွက် ရှုတ်ချ​ကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

ဆန္ဒပြပွဲကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား)က ဦးဆောင်ပြီး ကိုရီးယားနိုင်ငံ အခြေစိုက် တော်လှန်ရေး အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံသားများ၊ ကိုရီးယား အဖွဲ့အစည်းများ စုစုပေါင်း ၃ဝ၀ ကျော်တက်ရောက်ခဲ့ကြောင်း၊ မြန်မာ စစ်သံရုံးရှေ့တွင် ဆန္ဒပြပွဲနှင့်အတူ သတင်းစာရှင်းလင်းပွဲကို ကိုရီးယား-မြန်မာ နှစ်ဘာသာဖြင့် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အကြမ်းဖက် မြန်မာ စစ်တပ်၏ ပဇီကြီး လုပ်ကြံ သတ်ဖြတ်မှုတွင် အပြစ်မဲ့ ကလေးသူငယ်၊ အမျိုးသမီးများ အပါအဝင် လူပေါင်း ၁၆၈ ယောက် သေဆုံးခဲ့ရသည့် ဖြစ်ရပ်သည် ထိတ်လန့်ခြောက်ခြားဖွယ် ဆိုးရွားလွန်းလှကြောင်း၊ အကြမ်းဖက်စစ်တပ်သည် စစ်ရာဇဝတ်မှုများကို အကြိမ်ကြိမ် ကျူးလွန်းနေသဖြင့် နိုင်ငံတကာမှ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ယင်းသို့ အရေးယူရာတွင် ကိုရီးယား အစိုးရလည်း ပါဝင်ရေး တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။

ဆန္ဒပြပွဲသို့ အမျိုးသား ညီညွတ်ရေး အစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်ခဲ့ပြီး ကန့်ဘဘူမြို့နယ် ပဇီကြီးလုပ်ကြံမှူ အပါအဝင် အပြစ်မဲ့ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်ခြင်း၊ အစုလိုက် သတ်ဖြတ်ခြင်းများအတွက် အကြမ်းဖက်စစ်တပ်ကို အရေးယူရေး NUG ၏ ရပ်တည်ချက်ကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ကိုရီးယားနိုင်ငံ ချောင်ဂျူးမြို့တွင်လည်း တော်လှန်သင်္ကြန်နှင့် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article