28 C
Yangon

ပေါင်းတည်၊ အဂ္ဂရာပြည်အုပ်စု အုပ်ချုပ်ရေးမှူး ၊ ပျူစောထီးခေါင်းဆောင် ထွန်းထွန်းဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ပေါင်းတည်၊ အဂ္ဂရာပြည်အုပ်စု အုပ်ချုပ်ရေးမှူး ၊ ပျူစောထီးခေါင်းဆောင် ထွန်းထွန်းဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၆

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ အဂ္ဂရာပြည်အုပ်စု၊ သခွတ်စောက်ရွာနေ အုပ် ချုပ် ရေးမှူး ၊ ပျူစောထီး ခေါင်းဆောင် ထွန်းထွန်းဦးသည် နေအိမ်တွင် ပစ် ခတ် ခံရပြီး သေဆုံးသွားကြောင်း ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ဧပြီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန် ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတည် မြို့ နယ်၊အဂ္ဂရာပြည်အုပ်စု၊သခွတ်စောက်ရွာနေအုပ်ချုပ်ရေးမှူးလည်းဖြစ်၊ပျူစော ထီးခေါင်းဆောင်ထွန်းထွန်းဦးကို နေအိမ်တွင် သေနတ်ဖြင့် ပေါင်းတည် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁ PPDF)တပ်ရင်း တပ်ခွဲ(၅) တော ဘုရင် အဖွဲ့နှင့် ၃၆၀၂ PPDF ၊တပ်ရင်း၊ တပ်ခွဲ ၄ တို့မှ ရဲဘော်များက ဦးခေါင်း တစ်ချက်၊ ကိုယ်ခန္ဓာကို တစ်ချက် ပစ်ခတ်ကြောင်း၊ ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး ထွန်းထွန်းဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“အုပ်ချုပ်ရေးမှူး ထွန်းထွန်းဦးက ပျူစောထီးခေါင်းဆောင်ဖြစ်တဲ့ ကျေးရွာအုပ်စု အတွင်း လူငယ်တချို့ကို ပျူစောထီးသင်တန်းတက်ရောက်ရန်စည်းရုံးခြင်း ၊တက် ရောက်ဖို့ ပိုဆောင်ပေးတဲ့သူဖြစ်ပါတယ်” ဟု ပေါင်းတည် PDF မှ ပြန် ကြားရေး တာဝန်ရှိသူက ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article