25.1 C
Yangon

ချက်နိုင်ငံတွင် မြန်မာစစ်အာဏာရှင် တော်လှန်ရေးသင်္ကြန် အခမ်းအနား ပြုလုပ်

Must read

ချက်နိုင်ငံတွင် မြန်မာစစ်အာဏာရှင် တော်လှန်ရေးသင်္ကြန် အခမ်းအနား ပြုလုပ်

■ မြန်မာပြည်သူများ၏ အာဏာရှင် တော်လှန်ရေး သူရဲကောင်း စိတ်ဓာတ်က စစ်တပ် အလွယ်တကူ အနိုင်ရမည်ဟု ထင်ခဲ့ကြသော နိုင်ငံတကာကို အကြီး အကျယ် အံ့အားသင့်စေခဲ့

ရန်ကုန်၊ ဧပြီ ၁၆

ချက်သမ္မတနိုင်ငံတွင် မြန်မာစစ်အာဏာရှင် တော်လှန်ရေး သင်္ကြန် အခမ်း အနား ကို ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် မြို့ပြပျောက်ကြားရုပ်ရှင်ပြသခြင်း၊ နွေဦးတော် လှန်ရေး အတွင်းကျဆုံးခဲ့သူများအတွက် ၁ မိနစ်ငြိမ်သက်ဆုတောင်းခြင်း တို့အပြင် စကားဝိုင်းဆွေးနွေးမှုလည်းပါဝင်ခဲ့သည်။

အဆိုပါ အခမ်းအနားကို ချက်သမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်း သန့်၊ Prague Civil Society Centre ၏ အကြီးတန်း အကြံပေး Igor Blazevic ၊ Chancellor of the Belarus Democratic Forces in the Czech Republic ဖြစ်သူ Kryścina Šyjanok တို့က ဦးဆောင် တက် ရောက်ဆွေးနွေးကြသည်။

“Revolution, Resistance, and Regionalism: Vision for New Federal Union and assessment of international response regarding the Issue of Burma” ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲတွင် Igor Blazevic က လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးသည် အထင်ကြီးစရာကောင်းသော၊ သူရဲကောင်း ဆန်သော၊ ဝမ်းနည်းဖွယ်ရာများလည်းရှိသော၊ မျှော်လင့်ချက်ရောင်နီသန်းသည့် တော်လှန်ရေးတခုဖြစ်ကြောင်း၊ စစ်အုပ်စုက အာဏာသိမ်းရန်ကြိုးပမ်းစဥ်အစ ပိုင်းကာလတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် လပိုင်းအတွင်း ဆန္ဒပြ သူများကို ဖိနှိပ်ခြင်းဖြင့် လပိုင်းအတွင်းထိန်းချုပ်နိုင်မည်ဟု နိုင်ငံတကာ ထင်ခဲ့ ကြကြောင်း၊ မင်းအောင်လှိုင်သည် လွယ်လွယ်ကူကူပင် သမ္မတဖြစ်လာနိုင် သည်ဟု နိုင်ငံတကာက ယုံကြည်ခဲ့ကြောင်း၊ မြန်မာပြည်တွင်းရှိ နိုင်ငံခြား သံရုံး များနှင့် ကုလသမဂ္ဂ များကလည်း စစ်တပ်က အနိုင်ရမည်ဟု အလားတူ ယုံကြည် ခဲ့ကြကြောင်း၊ နွေဦးတော်လှန်ရေး၏ မြဲမြံခိုင်မာသည့် သံဓိဌာန်နှင့် ရဲရင့်မှုတို့သည် အဆိုပါထင်မှတ်မှုများမှားယွင်းကြောင်းသက်သေပြနိုင်ကြောင်း ဆွေးနွေးပြောဆိုသည်။

Kryścina Šyjanok က ၎င်းအနေဖြင့် Office of Belarus Democratic Forces in the Czech Republic ကိုယ်စားတက်ရောက်ခြင်းဖြစ်ပြီး ဘယ်လာရုစ် အမျိုးသားခေါင်းဆောင် Sviatlana Tsikhanouskaya ဘယ်လာရုစ် အမျိုးသားခေါင်းဆောင် ၏ အမည်နာမအောက်တွင် ဝမ်းမြောက်စွာနှုတ်ခွန်းဆက်သပါကြောင်း၊ ဘယ်လာရုစ်ပြည်သူများအား မမေ့ မလျော့ရှိခြင်းအတွက်လည်း ဝမ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံ ၏ပိုမို ကောင်းမွန်သည့်အနာဂတ်အတွက် ရဲဝံ့စွာတိုက်ပွဲဝင်နေကြသည့် မြန်မာ ပြည်သူ များအတွက် မိမိတို့၏ မြဲမြံသည့် ရပ်တည်မှုအားပြသလိုကြောင်း ပြောကြားသည်။

NUG ၏ ချက်သမ္မတနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးလင်းသန့်က ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ပါ လမ်းပြမြေပုံများအတိုင်း ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက်ကြိုးပမ်းဆောင်ရွက်နေကြောင်းပြောဆိုသည်။

ချက်သမ္မတနိုင်ငံရှိမြန်မာမိသားစုများ ဦးဆောင်ကျင်းပသည့် တော်လှန် သင်္ကြန်သည် ချက်သမ္မတနိုင်ငံတွင် ၅ ကြိမ်မြောက် ကျင်းပသည့် မြန်မာ သင်္ကြန်အခမ်းအနားဖြစ်ပြီး မြန်မာမိသားစုများအကြား ချက်သမ္မတနိုင်ငံ ရောက် မြန်မာများအကြားပိုမိုချစ်ကြည်ရင်းနှီးမှုရှိစေရန် နှင့် မြန်မာ့ယဥ်ကျေးမှု သင်္ကြန်ကိုပိုမိုတန်ဖိုးထားနိုင်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း၊ ယခုကျင်းပသည့်အခမ်းအနားသည် လက်ရှိမြန်မာ့ပြည်တွင်းအခြေအနေများ၊ စစ်အုပ်စု၏အကြမ်းဖက်များကို နိုင်ငံတကာသို့သိရှိစေရန်ရည်ရွယ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article