အရာတော်တွင် ကျောင်သား လူငယ်များက တော်လှန်သင်္ကြန် သံချပ်ထိုး၍ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ဆန္ဒပြ
ရန်ကုန်၊ ဧပြီ ၁၆
အရာတော်မြို့နယ်တွင် ကျောင်သား လူငယ်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၆ ရက်နေ့၌ တော်လှန်သင်္ကြန် သံချပ်ထိုး၍ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြပွဲကို အရာတော်မြို့နယ် လူထုသပိတ် ဦးဆောင် ကော်မတီ၊ အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)၊ နည်းပညာ တက္ကသိုလ် (မုံရွာ) ကျောင်းသားများ သမဂ္ဂ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။


