23 C
Yangon

ကနီတွင် စစ်တပ်၏ တာဝါတိုင်စခန်းကုန်းကို သိမ်းဆည်းမှု လက်နက် ၁၆ လက် ၊ ကျည်ထောင်ချီ၊ ဗုံးသီးများ အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိ၊ စစ်တပ်ဘက်မှ ၂၀ သေဆုံးပြီး ၆ ဦး အရှင်ဖမ်းမိ

Must read

ကနီတွင် စစ်တပ်၏ တာဝါတိုင်စခန်းကုန်းကို သိမ်းဆည်းမှု လက်နက် ၁၆ လက် ၊ ကျည်ထောင်ချီ၊ ဗုံးသီးများ အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိ၊ စစ်တပ်ဘက်မှ ၂၀ သေဆုံးပြီး ၆ ဦး အရှင်ဖမ်းမိ

ရန်ကုန်၊ ဧပြီ ၁၇ ဒ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ စစ်တပ်အင်အား ၃၀ ခန့် အထိုင်ချထားသော တာ ဝါ တိုင် စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က တိုက်ခိုက်သိမ်း ပိုက် လိုက် ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန က တရားဝင် သတင်း ထုတ်ပြန် သည်။

ဧပြီလ ၁၇ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်မှ နံနက် ၈ နာရီအထိ စစ်ကိုင်း တိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ရှိ စစ်အင်အား ၃၀ ခန့် ရှိသော စစ်ကောင်စီ တပ်၏ တာဝါတိုင်စခန်း ကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (ယင်းမာပင်ခရိုင်) တပ်ရင်း(၁)မှ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ တာဝါတိုင်စခန်းကို သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်း သိမ်းဆည်း ရရှိမှုအနေဖြင့် –

(၁) MA-2 (၃) လက်

(၂) MA – 11 (၆) လက်

(၃) MA – 3 (၅)လက်

(၄) MA – 4 (၁)လက်

(၅) MA ကျည်ဘောက် (၈)ခု

(၆) ၅.၅၆ ကျည် (၉၃၈၀) တောင့်

(၇) 60mm – ပြောင်းတို (၁)လက်

(၈) 60 mm ဗုံးသီး (၅၀) လုံး

(၉) 40 mm ဗုံးသီး (၅၇) လုံး

(၁၀) လက်ပစ်ဗုံးသီး (၅၆) လုံး

(၁၁) ရှေ့ထွက်မိုင်း (၁၀) လုံး

(၁၂) နင်းမိုင်း (၂၉) လုံး

(၁၃) Detonator(လက်ပစ်) (၃၇) ခု

(၁၄) Detonator (မိုင်း) (၄၅) ခု

(၁၅) ချပ်ဝတ်တန်ဆာ (၂) ခု

(၁၆) ငွေကျပ် (၁၁၁၀၀) ကျပ် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်၏ တာဝါတိုင်စခန်းသည် မုံရွာ-ယာကြီး-ကလေး လမ်မဘေး မိုင်တိုင်၄၉မှာတည်ရှိပြီး စစ်ကောင်စီဆက်သွယ်ရေး တာဝါတိုင်စခန်းတစ်ခု လည်းဖြစ်ကြောင်း သိရှိရသည်။

“တိုက်ပွဲက၁နာရီနီးပါးလောက်ကြာမယ်ဗျ။စခန်းကိုတော့ အကုန်သိမ်းနိုင်ခဲ့ တယ်။ခွေးစခန်းတွေအကုန်မီးရှို့ထားခဲ့တယ်။တိုက်ပွဲမှာ ခွေးဘက်က ၂၀ နီးပါး လောက် ကျမယ်။၆ ဦး ထွက်ပြေးတာ တစ်ဦးမိထားတယ်။နောက်ထပ် တိုက်ပွဲ ထဲက ၅ ဦးလည်းအရှင်ဖမ်းမိထားတာရှိတယ်။ ပြည်သူ့ ကာကွယ် ရေး ဘက်က တော့တစ်ဦးကျဆုံးပြီး မစိုးရိမ်ရဒဏ်ရာရထားတဲ့ရဲဘော်လေးတွေ တော့ရှိတယ်။ ခွေးစခန်းကနေ စက်လက်ငယ်အပါဝင်လက်နတ်၁၆လက်ကျော် ရရှိထား တယ်။ နောက်ပြီး ကျည်အမျိုးစုံ၊နင်းမိုင်းအမျိုးစုံနဲ့ လက်နက်ကြီးကျည် အမျိုးစုံ လည်းရရှိထားတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်မှ တော်လှန် ရေး သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် စစ်အင်အားများ ချထားကာ ထိုးစစ် ဆင် ရန် ပြင်ဆင်မှုများတွေ့မြင်ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article