29 C
Yangon

မြိုင်၊ မကျီးကန်ရွာကို စစ်တပ်က Mi 35 ဖြင့် ပစ်ခတ်ပြီး စီးနင်းကာ ရွာဆေးရုံရှိ လူနာများနှင့် သက်ကြီးရွယ်အိုများကို ဓားစာခံအဖြစ် ဖမ်းဆီးထား

Must read

မြိုင်၊ မကျီးကန်ရွာကို စစ်တပ်က Mi 35 ဖြင့် ပစ်ခတ်ပြီး စီးနင်းကာ ရွာဆေးရုံရှိ လူနာများနှင့် သက်ကြီးရွယ်အိုများကို ဓားစာခံအဖြစ် ဖမ်းဆီးထား

ရန်ကုန်၊ ဧပြီ ၁၈

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကျီးကန်ရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီးနောက် ကျေးရွာအတွင်း ဝင်ရောက်စီးနင်းကာ ရွာဆေးရုံရှိ လူနာများနှင့် သက်ကြီးရွယ်အိုများကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က မြိုင်မြို့နယ်၊ မကျီးကန်ရွာကို Mi 35 ရဟတ်ယာဥ် ၁ စီးဖြင့် ပစ်ခတ်ကာ Mi 17 ရဟတ်ယာဥ် ၂ စီးဖြင့် လူချကာ ဝင်ရောက် စီးနင်းပြီးနောက် ရွာဆေးရုံရှိ လူနာများနှင့် သက်ကြီးရွယ်အိုများကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း သိရသည်။

” ရွာထဲက မီးခိုးတွေ ထွက်လာတာတော့ မြင်ရတယ်။ ဘာကို ရှို့လဲတော့ မသိဘူး။ ရွာဆေးရုံထဲမှာ ဖမ်းဆီးခံရသူတွေ များတယ်လို့ သိရတယ်။ အဓိကကတော့ လူနာတွေနဲ့ သက်ကြီးရွယ်အိုတွေ ဘယ်နှဦးရှိလဲတော့ မသိရသေးဘူး။ စစ်ခွေးတွေက ရွာထဲမှာ အခုထိ တပ်စွဲထားတုန်းပဲ” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

Photo – မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကိုအကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်း မီးရှို့နေသည်ကို တွေ့ရစဥ် (ပုံအဟောင်း)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article