30 C
Yangon

တကောင်းတိုက်နယ်အတွင်း စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၄၀၀၀ ကျော်ထွက်ပြေးနေရ

Must read

တကောင်းတိုက်နယ်အတွင်း စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၄၀၀၀ ကျော်ထွက်ပြေးနေရ

ရန်ကုန်၊ ဧပြီ ၁၈

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အ တွင်းသို့ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ထိခိုက်ပျက်စီးမှုရှိပြီး ပြည်သူ ၄၀၀၀ ကျော် ထွက် ပြေးတိမ်းရှောင်နေရကြောင်း တကောင်းပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့‌ ပြောကြား သည်။

ဧပြီလ ၁၅ ရက်နေ့က တံတားဦးလေဆိပ်မှ တက်လာသော အ ကြမ်းဖက်စစ်တပ် တိုက်လေယာဉ် ၁ စီး ဖြင့် ၅ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကျောက်အိုက်ရွာရှိ ပြည်သူ့နေအိမ် ၁ လုံးထိ ခိုက်ပျက်စီးပြီး နွား ၃ ကောင် သေဆုံးခဲ့ကြောင်း၊ အဆိုပါဗုံးကျဲမှုကြောင့် ဥသျှစ်ကုန်း၊ မိုင်းဒိုင်း၊ ပေကုန်း၊ ရင်ခွင်၊ ညောင်ကုန်း၊ ကျောက်အိုက်၊ ဆူးတော အစရှိသည့်ရွာများမှ ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“လေယာဉ်အသစ်တွေသုံးနေတာ၊ လေယာဉ်တွေက ဝင်းပြီးတောက်ပြောင်နေတာပဲ၊ နောက်ဝယ်တဲ့ လေယာဉ်တွေဖြစ်လိမ့်မယ်၊ ကျဲတော့မယ်ဆိုရင် အမြင့်ကနေ ထိုးဆင်းလာပြီး ကျဲချတာ၊ပြီးမှ ပြန်တက် သွားတာ၊ အနီးကပ်မြင်နေရတယ်၊ တစ်စင်းထဲနဲ့ပဲ တနေ့တည်း ၅ ကြိမ်ကျဲချသွားတာ၊ ဗုံးတွေက S-8(8mm Rocket)တွေနဲ့ချသွားတာ၊ လူတွေက ရှောင်တိမ်းနိုင်လိုက်လို့ ထိခိုက်မှုတော့မရှိပါဘူး “ ဟု တကောင်း ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် တောတောင်အတွင်းရှောင် တိမ်းနေရသော ပြည်သူများမှာ သောက်သုံး ရေ၊ စားနပ်ရိက္ခာအခက်အခဲဖြစ်ပေါ်နေပြီး သောက်သုံးရေမသန့်ရှင်းမှုကြောင့် ဝမ်းပျက်၊ ဝမ်းလျော ရောဂါများ ကြုံတွေခံစားနေရကြောင်း မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှဝိုင်းဝန်းကူညီ လှူဒါန်း ပေးစေလိုကြောင်း တကောင်း ပကဖ က မေတ္တာရပ်ခံထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article