29 C
Yangon

မလှိုင်မြို့နယ်၊ နှောကန်ရွာ ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၇ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦးကျဆုံး

Must read

မလှိုင်မြို့နယ်၊ နှောကန်ရွာ ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၇ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ ဧပြီ ၂၁

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ နှောကန်ရွာ ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၇ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း အမှတ် ၃ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၅ ရက်နေ့တွင် မလှိုင်မြို့နယ်၊ နှောကန်ရွာ ရဲစခန်းကို PDF တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၄ ဦးသေဆုံးခဲ့​ကာ ရဲစခန်းကို ဝင်ရောင် သိမ်းပိုက်ရန် ပြုလုပ်နေစဥ် အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူများ ထပ်မံ ရောက်ရှိ လာသောကြောင့် ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာရာ လမ်းပိုင်းတွင် စစ်ကား ၁ စီးနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကာ စစ်သား ၃ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

” ၁ နာရီကျော်လောက် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီးတော့ ရဲစခန်းထဲက အရာရှိ ရဲမေ အပါအဝင် အကြမ်းဖက်စစ်သားနဲ့ ရဲ ၁၄ ဦးကို ရှင်းလင်းနိုင်ခဲ့တယ်။ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၃ က ကာကွယ်ရေး ရဲဘော် တိမ်ယံ (ခ) အငယ်ကောင် ကျဆုံးခဲ့တယ်။ အကြမ်းဖက် စစ်တပ် တပ်ကူတွေ ရောက်လာ​​​​တဲ့ သတင်းကြောင့် ရဲစခန်းအတွင်း ဝင်ရောက် သိမ်းပိုက်နိုင်ခြင်း မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရတယ်။ ဆုတ်ခွာတဲ့ လမ်းကြောင်းပေါ်မှာ အကြမ်းဖက် တပ်ကူ ကား ၁ စီးနဲ့ ထပ်မံ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ခွေး ၃ ကောင် သေဆုံးတယ်။ အသက်တွေရင်းပြီး တိုက်ပွဲတွေအဆက်မပြတ် လုပ်ဆောင်နေပြီမို့ ပြည်သူတရပ်လုံး စည်းစည်းလုံးလုံးညီညီညွှတ်ညွှတ် ပူးပေါင်းကူညီပေးဖို့ အထူးတောင်းဆိုအပ်ပါတယ်” ဟု မြင်းခြံခရိုင် တပ်ရင်း အမှတ် ၃ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း အမှတ် ၃ ၊ မြင်းခြံခရိုင် တပ်ရင်း အမှတ် ၁ ၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၄ NRPDF တို့ ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article