35 C
Yangon

ရေတာရှည်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ထိခိုက်သေဆုံးသူ များပြားဟု ပြောဆို

Must read

ရေတာရှည်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ထိခိုက်သေဆုံးသူ များပြားဟု ပြောဆို

ရန်ကုန်၊ ဧပြီ ၂၁

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းမင်းသားညီနောင် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ရေတာရှည်မြို့နယ်၌ အင်အား ၇၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရှမ်းရွာလေးနှင့် ဇရစ်ရိုးရွာ အကြားတွင် သံတောင်မြောက်ပိုင်း (အထူးဒေသ) တပ်ခွဲ ၄ ဒေါင်းမင်းသားညီနောင် တပ်ဖွဲ့မှ ရှေ့ထွက်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးကာ ထိခိုက် ဒဏ်ရာ ရရှိသူများကို ဆွာမြို့သို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း သိရသည်။

“ရေတာရှည်မြို့နယ် ရှမ်းရွာလေးနဲ့ ဇရစ်ရိုးရွာ အကြားမှာ အင်အား ၇၀ ရှိတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မွန်းလွဲ ၁ နာရီ ခန့်မှည ရှေ့ထွက်မိုင်း ၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ခွေး ၁၀ ကောင် သေဆုံးခဲ့ပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိတယ်လို့ သိရတယ်” ဟု သံတောင်မြောက်ပိုင်း (အထူးဒေသ) တပ်ခွဲ ၄ ဒေါင်းမင်းသား ညီနောင် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article