26 C
Yangon

သန်းရွှေ၊ သိန်းစိန်တို့နှင့် လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်း အပေါ် တရုတ်ညွှန်ချုပ်က အဓိကထား ဆွေးနွေးဟုဆို

Must read

သန်းရွှေ၊ သိန်းစိန်တို့နှင့် လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်း အပေါ် တရုတ်ညွှန်ချုပ်က အဓိကထား ဆွေးနွေးဟုဆို

■ ရွေးကောက်ပွဲမှတစ်ဆင့် နိုင်ငံရေးအကျပ်အတည်း အဖြေရှာရေး လမ်း ကြောင်းကို ဦးတည် ဆွေးနွေး

ရန်ကုန်၊ ဧပြီ ၂၂

စစ်ခေါင်းဆောင်ဟောင်း သန်းရွှေနှင့် သမ္မတဟောင်း သိန်းစိန်ကို တရုတ် ကွန်မြူနစ် ပါတီ၏ နိုင်ငံတကာဆက်ဆံရေး(အာရှ) ဌာနညွှန်ကြားရေမှူးချုပ် Peng Xiubin က လာရောက် တွေ့ ဆုံခဲ့ရာတွင် လက်ရှိ စစ်အာဏာသိမ်းပြီး နောက် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအကျပ်အတည်းအပေါ် အဓိက ထားမေးမြန်း ဆွေး နွေးခဲ့ကြောင်း နေပြည်တော် ပြည်ထဲရေး သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၈ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေး (အာရှ) ဌာန ညွှန်ကြားရေမှူးချုပ် ( Director General of the Asian Bureau of the International Department of the Central Committee of the Communist Party of China ) Peng Xiubin က လာရောက် တွေ့ဆုံ ခြင်းဖြစ်ပြီး တွေ့ဆုံမှုသည် အလွတ်သဘောသာ ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ တွေ့ ဆုံရာတွင် Peng Xiubin က စစ်အာဏာသိမ်းပြီးနောက် လက်ရှိ ဖြစ် ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ စစ်ခေါင်းဆောင်ဟောင်းနှင့် သမ္မတ ဟောင်း တို့၏ အမြင်သဘောထားများကို မေးမြန်းခဲ့ကြောင်း၊ တရုတ် အနေဖြင့် မည်သို့ သဘောထားရှိသည်ကိုပါ ထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။

“အင်္ဂါနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှာ သမ္မတ (ငြိမ်း) ဦးသိန်းစိန်နဲ့ တွေ့ဆုံတယ်။ အဲဒီနောက် မွန်း လွဲ ၁ နာရီ ၃၀ မိနစ်မှာ ဦးသန်းရွှေနဲ့ သွားတွေ့တဲ့အခါမှာ လက် ရှိ အာဏာသိမ်းပြီး အကျပ်အတည်းအပေါ် တရုတ်ရဲ့ သဘောထားကို ထုတ်ပြောတယ်။ သူတို့ ဘယ်လိုသဘောထားနဲ့ သွားမယ်ဆိုတာကို ပြောပြ တယ်။ နောက်တစ်ခါ ခေါင်းဆောင်ဟောင်းတွေရဲ့ အမြင်တွေကို လည်း အဓိက ထားမေးမြန်းတယ်။ အဖြေထုတ်တယ် အဖြေရှာ တယ်ဆိုတာထက် နှစ်ဦး နှစ်ဖက် ကြားမှာ အခြေအနေတွေကို တရုတ်ဘက်က ပွင့်ပွင့်လင်းလင်းသုံးသပ် မေးမြန်းတယ်၊ ပြောကြ ဆိုကြတယ်လို့ သိရပါတယ်” ဟု နေပြည်တော် ပြည်ထဲ ရေး သတင်းရင်းမြစ်က ဆိုသည်။

စစ်ခေါင်းဆောင်ဟောင်း သန်းရွှေနှင့် သမ္မတဟောင်း သိန်းစိန်တို့က လက်ရှိ အခြေအနေတွင် ရွေးကောက်ပွဲမှ တစ်ဆင့်ပြီး တစ်ဆင့် နိုင်ငံရေး အကျပ် အတည်း နှင့် အပြောင်းအလဲကို အဖြေ ရှာနိုင်မည်ဆိုသော သဘော ထားများ ဆွေးနွေးကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article