26 C
Yangon

ဖားကန့်တွင် လူငယ် ၂ ဦးကို စစ်တပ်က အကြောင်းမဲ့ ပစ်သတ်၊ တန့်ဆည်တွင် ပြည်သူ ၁ ဦးကို စစ်တပ်က ပစ် သတ်

Must read

ဖားကန့်တွင် လူငယ် ၂ ဦးကို စစ်တပ်က အကြောင်းမဲ့ ပစ်သတ်၊ တန့်ဆည်တွင် ပြည်သူ ၁ ဦးကို စစ်တပ်က ပစ် သတ်

ရန်ကုန်၊ ဧပြီ ၂၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မရှီကထောင် ရှိ Happy KTV တွင် စစ်တပ် မှ ဗိုလ်မှူး ၁ ဦး အပါအဝင် ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်သတ်လိုက် ပြီးနောက် ဧပြီလ ၂၄ ရက်နေ့ နံနက် တွင် စစ်တပ်က Happy KTV ရှေ့တွင် ဖြတ်သန်းလာသည့် လူငယ် ၂ ဦးကို အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်လိုက် ကြောင်း ဒေသပြည်သူများက ပြောသည်။

ဧပြီလ ၂၄ ရက်နေ့ နံနက် ၄ နာရီအချိန် စစ်ကောင်စီတပ်ဖွဲ့က မောင်အောင်ကြည်မြင့် ဆိုသော လူငယ် အပါအဝင် လူငယ် ၂ ဦး Happy KTV ရှေ့မှ ဖြတ်သန်းစဉ် ပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“လူငယ် ၂ ဦးက KTV ရှေ့က ဖြတ်သန်းတဲ့အချိန်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်တပ်က ပစ်သတ်တာ မနက်ပိုင်းအထိ အလောင်းရှိနေတယ်။ ဦးခေါင်းတွေ ပွင့်ထွက်ကုန်တယ်။ ဗိုလ်မှူးဇော်မိုင်း အသတ်ခံရတဲ့ KTV ရှေ့မှာ လူငယ် ၂ ဦးကို ဂလဲ့စားချေ ပြန်ပစ်သတ်တာပေါ့” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင်လည်း စစ်တပ်က ပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ ဧပြီ ၂၃ ရက်နေ့တွင် တန့်ဆည်မြို့နယ်၊ ကျွန်းလည်မှ ထွက်လာသော ခမရ (၃၆၈) စစ်ကြောင်းမှ စခ၊ပျူများသည် သာယာကုန်းအနောက်ဘက် အိုးသည် ကုန်းကျေးရွာမှ အသက် ၄၇ နှစ်အရွယ် ကိုဘိုငွေ ကို ပစ်သတ် ထားခဲ့ ပြီး ပြည်သူတစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် ယမန်နေ့က ကျွန်းလည်၊ သာယာကုန်း၊ အိုးသည် ကုန်း၊ ချောင်းဆုံ(တ) ကျေးရွာများမှတစ်ဆင့် အင်္ကုက္ကားကျေးရွာသို့ စစ်ကြောင်း ထိုးရောက်ရှိနေကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article