23.6 C
Yangon

NUG အပါအဝင် အားလုံးနှင့် ဆွေးနွေး အဖြေရှာရန်၊ အာဆီယံ ဘုံသဘော တူညီ ချက် ၅ ရပ် နှင့် ကုလသဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာ ရန် ဘန်ကီမွန်းက မင်းအောင်လှိုင်ကို ပြော

Must read

NUG အပါအဝင် အားလုံးနှင့် ဆွေးနွေး အဖြေရှာရန်၊ အာဆီယံ ဘုံသဘော တူညီ ချက် ၅ ရပ် နှင့် ကုလသဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာ ရန် ဘန်ကီမွန်းက မင်းအောင်လှိုင်ကို ပြော

■ စစ်တပ်၏ ကန့်ဘလူ လေကြောင်းတိုက်ခိုက်မှုကို ဘန်ကီမွန်းက ရှုတ်ချပြီး လက်ရှိအခြေအနေတွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုဟု သတိပေး

ရန်ကုန်၊ ဧပြီ ၂၅

အကြမ်းဖက် မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ၂ ရက်ကြာ လာရောက်ခဲ့သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက NUG အပါအဝင် သက်ဆိုင်သူအားလုံးနှင့် အဖြေရှာရန်၊ အာဆီယံဘုံသဘော တူညီ ချက် ၅ ရပ် အကောင် အထည် ဖော်ရန်၊ ကုလသဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာရန် ဘန်ကီမွန်းက မင်းအောင်လှိုင်ကို ပြောဆိုကြောင်း သိရှိရသည်။

ယနေ့ ဘန်ကီမွန်း၏ ထုတ်ပြန်ချက်တွင် တွေ့ဆုံမှု အခြေအနေများနှင့် ပတ် သက် ၍ သတင်းထုတ်ပြန်လိုက်ပြီး မင်းအောင်လှိုင်နှင့် သမ္မတဟောင်း သိန်းစိန် ကို တွေ့ဆုံခဲ့ကြောင်း၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်၊ NUG အပါ အဝင် သက်ဆိုင်သူအားလုံးနှင့်ဆွေးနွေးအဖြေရှာရန်၊ အာဆီယံဘုံ သဘော တူ ညီချက်ကို အကောင်အထည်ဖော်ရန်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာရန် တို့ကို တိုက်တွန်း ခဲ့ကြောင်း သိရှိရသည်။

“ကျနော် မြန်မာနိုင်ငံကို လာခဲ့တာက အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့နဲ့ NUG အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲတွေ စတင်ဖို့ ဖြစ်ပါတယ်။ ကျနော်ရဲ့ခရီးစဉ်လာရောက် တွေ့ဆုံမှုက အဖြေရှာဖို့ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ သူတို့အတွက်ထိုက်တန်တဲ့ ငြိမ်းချမ်း ရေး၊ သာယာ၀ပြောရေး၊ လွတ်လပ်မှုတွေရနိုင်ဖို့ ကျနော်တတ်နိုင်တာအားလုံး လုပ်သွားပါ့မယ် ” ဟု ဘန်ကီမွန်းက ထုတ်ဖော်ပြောဆိုသည်။

ဘန်ကီမွန်း၏ ခရီးစဉ်သည် စစ်ကောင်စီ၏ ဖိတ်ကြားချက်ဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် အမျိုးသမီးများနှင့်ကလေးများ အပါအဝင် ပြည်သူ ၁၆၀ ကျော် သေဆုံးစေခဲ့သည့် စစ်တပ်၏ ကန့်ဘလူ လေကြောင်း တိုက် ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း ပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် သက်ဆိုင်သူအားလုံးနှင့် ညှိနှိုင်းဆွေးနွေး အဖြေရှာပြီးမှ လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲ ကျင်းပသင့်ကြောင်း၊ လက်ရှိ အခြေ အနေတွင် ရွေးကောက်ပွဲ ကျင်းပလျှင် အာဆီယံ၊ နိုင်ငံတကာ အသိုင်း အ၀ိုင်းနှင့် မြန်မာပြည်သူများက အသိအမှတ်ပြုမည်မဟုတ်ဘဲ အကြမ်းဖက် မှုနှင့် ကွဲပြားမှုများ ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း ဘန်ကီမွန်းက မင်းအောင် လှိုင်ကို သတိပေးပြောဆိုသည်။

နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် မြန်မာ့အရေး ဖြေရှင်းရန် ညီညီညွတ် ညွတ်ဖြ င့် ဆောင်ရွက်ရန် တိုက်တွန်းပြီး မြန်မာစစ်ကောင်စီအနေဖြင့် ပြဿနာများကို အဖြေရှာရန် ပထမဦးစွာ ခြေလှမ်းရမည်ဖြစ်ကြောင်း ဘန်ကီမွန်းက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article