ဝက်လက်မြို့ပေါ်မှ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံး
ရန်ကုန်၊ ဧပြီ ၂၅
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်မှ သခွတ္တောကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း People’s Servant Revilution –Wetlet တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ဧပြီလ ၂၃ ရက် နံနက် ၄ နာရီခန့်က ဝက်လက်မြို့ပေါ်မှ ခမရ ၃၆၄ တပ်မှ စစ်သားများနှင့် ပျူစောထီး အင်အား ၇၀ ခန့်ကို သခွတ္တောကျေးရွာနှင့် အောင်ချမ်းသာကျေးရွာကြားအရောက် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များမှ ဆွဲမိုင်း ၁ ပွိုင့်၊ တိုက်မိုင်း ၁ ပွိုင့် အပြင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တစ်နာ ရီကျော်ကြာသည်အထိ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား တစ်ဦးသေဆုံးပြီး ယင်းစစ်သား အလောင်းအား ဘင်တဲကုန်းကျေးရွာကို မီးရှို့စဉ် ထည့်သွင်းမီးရှို့ကာ အလောင်းဖျောက်ပစ်ခဲ့ ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ရာနေရာမှ သခွတ္တောကျေးရွာသို့ ဆုတ်ခွာသွားစဉ်လည်း သေဆုံးအကြမ်းဖက်စစ်သား အ လောင်း ၃ လောင်းနှင့် ဒဏ်ရာရ စစ်သား ၁၀ ဦးကို ဝက်လက်မြို့ပေါ်သို့ သယ်ဆောင်သွားပြီး ကျန် စစ်သားထက်ဝက်ခန့်သည် သခွတ္တောကျေးရွာရှိ လှိုင်ရတနာ ဘုန်းကြီးကျောင်း၌ တပ်စွဲကာ ကျန်နေခဲ့ ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်ပြီးတော့ ခွေးစစ်ကြောင်းက ဝက်လက်မြို့ပေါ်တဝက်၊ လှိုင်ရတနာ ဘုန်းကြီးကျောင်းမှာ တဝက် ကျန်ခဲ့တာ၊ ဝက်လက်မြို့ပေါ်တက်သွားတဲ့ခွေးတွေက အလောင်း ၃ လောင်းဒဏ်ရာရ စစ်ခွေး ၁၀ လောင်းကို သယ်သွားတယ်၊ သခွတ္တောမှာကျန်ခဲ့တဲ့ ခွေးစစ်ကြောင်းက နောက်ရက်ကျတော့ ရွာ အနောက်ကနေ လှတောဘက်ကို ဆုတ်သွားတယ်၊ အဲဒီခွေးစစ်ကြောင်းမှာလည်း ထမ်းစင်တစ်ခုနဲ့ ထမ်းသွားတာ တွေ့တယ်” ဟု People’s Servant Revilution –Wetlet တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့ တပ်ခွဲ(၁)၊ လျှပ်စီးပြောက်ကျား တပ်ဖွဲ့ တပ် ခွဲ(၃)၊ နတ်တောင်နဂါးပြောက်ကျား တပ်ဖွဲ့၊ တပ်ခွဲ(၄)၊ နွေဦးအောင်ပွဲ တော်လှန်ရေးတပ်ဖွဲ့(ဝက်လက်) – တပ်ခွဲ(၄)၊ ရွှေဘိုခရိုင် တပ်ရင်း(၁၅)၊ ကျေးရွာ ပကဖများနှင့် မြေပြင်တော်လှန်ရေးတပ်ဖွဲ့များမှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ဟံလင်းပျူမြို့ဟောင်းမှ တပ်ကူလာသော အကြမ်းဖက်စစ်သား ၁၅ ဦး ကိုလည်း ဟံလင်းတိုက်နယ် တော်လှန်ရေးအဖွဲ့များမှ ကြားဖြတ်ဟန့်တား နိုင်ခဲ့ကြောင်း သိရသည်။
