လောင်းလုံးမြို့နယ်တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် သပိတ်မှောက်
ရန်ကုန်၊ ဧပြီ ၂၅
လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ကာ ယနေ့ ဧပြီလ ၂၅ ရက်နေ့တွင် “စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်” စာတန်းကိုင်ဆောင်ပြီး ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် သပိတ်မှောက်ခဲ့ကြောင်း သိရသည်။


